part - 5

3K 148 2
                                    

အခန်း ( ၅ )

ထိုမိန်းကလေးက  မိုး နဲ့​တော်​​တော်​တူ​နေတယ်​။ ​ဘေးက လှမ်းမြင်​လိုက်ရတာဆို​တော့ သိပ်​​တော့ မ​သေချာသေးဘူး ။ သူ ​ရှေ့ကို တစ်လှမ်းချင်း  လှမ်းသွားမိတယ် ။ မိန်းကလေးက​တော့ သူ့ကို သတိထားမိတဲ့ ပုံမ​ပေါ် ။ ​ဆေးလိပ်​ကိုသာ ​သောက်​​နေပြီး အ​တွေးထဲမှာ နစ်​​မြော​နေပုံရတယ် ။ မြတ်​မင်း​မောင်​ အနား ​ရောက်​ခါနီးမှာ...။

"မြတ်​မင်း"

​ခေါ်သံ​ကြောင့် ​နောက်​ကို လှည့်ကြည့်တော့ သူ့ရဲ့ သူငယ်​ချင်း ထက်​မြတ်ကို တွေ့လိုက်ရတယ် ။

"မင်း ဒီကို ဘယ်​လို ​ရောက်​လာတာလဲ ။ မင်း ခရီးသွား​နေတုန်းဆို"

"ငါ ဒီ​နေ့ညနေပဲ ပြန်​​ရောက်​တာ၊ ငါ ဒီမှာ ချိန်းထားတာရှိလို့ ရောက်လာတုန်း ။​ခုန မင်းကို လှမ်း​တွေ့လို့ နောက်က  လိုက်​လာတာ "

"ဪ..."

"မင်းက ဒီမှာ ဘာလုပ်​​နေတာလဲ"

ထက်မြတ်က စူးစမ်းသလို နဲ့ မေးတယ် ။

"ငါ အထဲမှာ မွန်းကျပ်​​နေလို့ အပြင်​ခဏ ထွက်​လာတာ၊ ဒါနဲ့ ငါမိုးကို ​တွေ့လိုက်​သလိုပဲ "

မြတ်​မင်း​မောင်​က ခုန​တွေ့တဲ့ မိန်းက​လေးကို သတိရပြီး ပြန်​လှည့်​ကြည့်​​တော့ နေရာမှာ မရှိ​တော့ပါ ။

"မင်း မူး​နေပြီ ထင်​တယ်​ မြတ်မင်း ။ မိုးက ဒီကို လာမလား"

"အင်း ၊ ငါလူမှားတာ ​နေမှာပါ။ မိုးလို မိန်းက​လေးမျိုးက ဒီကို လာပါ့မလား...ဟား "

မြတ်မင်း ပြောပြီး ရယ်မောမိတယ် ။ ရေချိန်ကိုက်ပြီး သူ ထင်ယောင်ထင်မှား ဖြစ်သွားတဲ့ပုံပဲ ။

"လာ....ငါတို့ အထဲပြန်​သွားရ​အောင်​..."

"အင်း..."

သူ ခေါင်းညိတ်ပြီး ​ထက်​မြတ်​ နဲ့ အတူ ထို​နေရာမှ ထွက်​လာခဲ့​တော့တယ်​။

မြတ်​မင်း​မောင်​တို့ ထွက်​သွားပြီး​နောက်​ နံရံအကွယ်​က မိန်းက​လေးတ​စ်ယောက်​ထွက်​လာခဲ့တယ် ။ မြတ်​မင်း​မောင်​တို့ ထွက်​သွားတာကို ခဏ​လောက်​ ရပ်​​ကြည့်နေပြီး​နောက်​ သူလည်း ထို​နေရာမှ ထွက်​သွား​တော့တယ် ။

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now