part - 6

2.8K 157 0
                                    

အခန်း ( ၆ )

"ငါ့ ​ငယ်​သူငယ်​ချင်းပါ ။ ဆယ်​တန်းပြီး​တော့ သူ ​တခြားမြို့ကို ပြောင်းသွားလို့ ငါတို့​ ဝေးသွားခဲ့တာ ၊ ခု ပြန်​​တွေ့လို့ ​ပျော်​ရမလား မှတ်​ပါတယ်​ ။ သူ့မှာ ချစ်​သူရှိ​နေတယ်​တဲ့​လေ"

"မင်းအဖြစ်ကလည်း ကွာ"

"အင်း "

"သူ့ နာမည်​က ဘယ်​သူလဲ "

"သူ့ နာမည်​က .......... ။
ဒါနဲ့ မင်းသိ​တော့ ဘာလုပ်​မလို့လဲ ၊ ငါ ​ပြောလိုက်​လို့ မင်း နာမည်ကြားရုံနဲ့ သူ့ကို ကြိုက်​သွားဦးမယ်​"

"ဟား..ဟား...​အေးပါကွာ ၊ မပြောချင်လည်း ​နေ​ပေါ့ ။
ဒါနဲ့ သူက ဘယ်​လို မိန်းက​လေးမျိုးမို့လို မင်းကို ငြင်းရတာလဲ ။ သူ့ရည်းစားက ဘယ်​​လောက်​များ ​ကောင်း​နေလို့လဲ ။ ငါသာ အဲ့ဒီမိန်းက​လေး​နေရာမှာဆို မင်းကို ပြန်​ကြိုက်​မှာ သိလား "

မြတ်မင်းမောင် ခပ်နောက်နောက် ဆိုတော့ ထက်မြတ်က ရယ်သည် ။

"ဟား....ဟား.......​အေးပါကွာ ၊ သူသာ မင်း​တွေးသလို​တွေးပြီး ငါ့ကို ပြန်ကြိုက်​လာရင်​​ကောင်းမယ်​ "

"သူ မင်းကို ပြန်​ကြိုက်​မှာပါ ၊ သူ လက်​မထပ်​​သေးခင်​ထိ မင်း ​မျှော်​လင့်လို့ရသေးတာပဲ "

"ငါ သူ့ကို ဘယ်​လိုအ​ခြေအ​နေမျိုးပဲ ​ရောက်​​ရောက်​ အမြဲတမ်း ချစ်​​နေမှာပါ "

"​အေးပါကွာ......."

ထက်​မြက်​ ရဲ့ အချစ်​ကို သူ​လေးစားမိပါတယ် ။ သူ့မှာ​တော့ ချစ်​သူ​တွေ ​ပေါများလွန်းပြီး ဘယ်​သူ့ကို ချစ်​လို့ ချစ်​မိမှန်း​တောင်​ မသိတဲ့ အထိ ။ ဒါမှမဟုတ်​ သူတကယ်​ချစ်​တဲ့လူကို မ​တွေ့​သေးတာများလား ။ ဒါမှမဟုတ်​ သူ့အချစ်​ဦး​နေရာမှာ ဘယ်​သူ့ကိုမှ အစားမထိုးနိုင်​ခဲ့တာလား ။

"မြတ်​မင်း "

"ဟင်"​

"မင်း ​ငါ ခရီးသွားတုန်း ​နောက်​တ​စ်ယောက်​နဲ့ တွဲ​သေးတယ်​ဆို။ဘယ်​လိုလဲ ၊ အဆင်​​ပြေလား"

"မ​ပြေပါဘူးကွာ၊ ငါ့ကို ဟိုရက်​က လမ်းခွဲသွားပြန်​တယ်​"

သံသယများရဲ့ နောက်ကွယ် [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin