အခန်း ( ၁၄ )
"နေခြည် "
သူ့နှုတ်ဖျားမှ တအံ့တသြ ရေရွတ်သံက အလိုလို ထွက်သွားတယ် ။
"အစ်ကို ၊ သူက ဘယ်သူလဲ......"
နေခြည်က မျက်ဝန်းစိမ်းတွေနဲ့ သူ့ကို စိုက်ကြည့်နေပြီး ထက်မြတ်ကို လှမ်းမေးနေလေတယ် ။
ထက်မြတ်လည်း ရုတ်တရက်ရောက်လာတဲ့ မြတ်မင်းကြောင့် ငေးငိုင်နေရာမှ အသိစိတ်၀င်လာတယ် ။
"နေခြည် ၊ ဒါက ကျွန်တော့် သူငယ်ချင်း မြတ်မင်း"
"ဪ..."
"နေခြည် ဘာဖြစ်တာလဲ ။ သူက ဘာလို့ ငါ့ကို မမှတ်မိရတာလဲ ဟမ်"
မြတ်မင်း နားမလည်နိုင်စွာနဲ့ ထက်မြတ်ကို မေးလိုက်မိတယ် ။
"ငါ နဲ့ အပြင်မှာ စကားခဏပြောရအောင် ။ ငါ ရှင်းပြမယ်"
"မင်း!"
မြတ်မင်းက စကားလုံးတွေကို မြိုသိပ်လိုက်ပြီး နေခြည့်ကို တစ်ချက်ကြည့်ကာ အခန်းထဲမှ အပြင်ထွက်ခဲ့တယ် ။
"ကျွန်တော့် သူငယ်ချင်းနဲ့ စကားခဏပြောလိုက်ဦးမယ် "
ထက်မြတ်က နေခြည့်ကို ကြည့်၍ ဆိုတယ် ။
"ဟုတ်ကဲ့....ကိုထက်မြတ်..."
ထက်မြတ် ဆေးရုံထဲက အပြင်ထွက်လာသော် ဆေးရုံ၀န်းထဲက ထိုင်ခုံလေးမှာ မြတ်မင်း ထိုင်နေတာ တွေ့လိုက်ရတယ် ။
"မြတ်မင်း..."
သူ ခေါ်ရင်း ဘေးမှာ ဝင်ထိုင်လိုက်တယ် ။
"ထက်မြတ်...မင်း ပြောစမ်း ။ နေခြည်လင်းက ဘာလို့ ဆေးရုံရောက်နေရတာလဲ ။ သူ ဘာလို့ငါ့ကိုတောင် မမှတ်မိရတာလဲ။ မင်းကရော ဘာလို့ သူနဲ့အတူ ရှိနေရတာလဲ"
"ငါ သူ့ကို ကားနဲ့ တိုက်ခဲ့တာ..."
ထက်မြတ်ရဲ့ စကားအဆုံး မြတ်မင်းက ရှူးရှူးရှားရှား ဖြစ်သွားတော့တယ် ။
"ဘာ...မင်း ဘာပြောတယ် ၊ မင်း ရူးနေလား ။ ဘာလို့ သူ့ကို ကားနဲ့ တိုက်ရတာလဲ"
ESTÁS LEYENDO
သံသယများရဲ့ နောက်ကွယ် [ Completed ]
Romanceလက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိလျက်နဲ့ ရည်းစားများပြီး ပွေရှုပ်နေဆဲ ဖြစ်တဲ့ မြတ်မင်းမောင် ။ ချစ်သူက ရည်းစားများတဲ့အပြင် သူ တွဲတဲ့မိန်းကလေးတွေနဲ့ပါ မိတ်ဆက်ပေးခြင်းခံရတဲ့ မိုးမခ ။ နားလည်ပေးရင်း နဲ့ နာကျင်စွာ ရှေ့ဆက်နေရတဲ့အခါ ။ မိုးတစ်ယောက် ဘယ်လေ...