အခန်း ( ၂ )
"ဘယ်လို ၊ ကဗျာ က မောင့်ကို လမ်းခွဲတယ် ဟုတ်လား"
"အင်း ၊ မနေ့က မနက်စောစောစီးစီး ကိုယ့်ဆီ ဖုန်းဆက်တယ် "
မြတ်မင်းမောင်က မိုးနဲ့ ပန်းခြံမှာ ထိုင်စကားပြောရင်း မနေ့က ကဗျာ လမ်းခွဲစကား ပြောခံခဲ့ရတာကို မိုးကို ပြန်ပြောပြမိတယ် ။ ထိုအခါ မိုးက အံ့သြသွားဟန်နဲ့ မေးလာတယ် ။
"ဟုတ်လား ၊ မောင့်ကို သူက ဘာလို့ စပြီး လမ်းခွဲရတာလဲ "
"မသိပါဘူး မိုးရယ် ။ ကိုယ် သူနဲ့ ဘာပြသနာမှလည်း မရှိပါဘူးကွာ ။ အဲဒါကို ဘလိုင်းကြီး လမ်းခွဲမယ်ပြောတယ် ။ ကဗျာပဲ ကိုယ့်နောက်ကို အရင်လိုက်ကပ်နေခဲ့တာ ၊အဲဒါ ခုကျမှ ဘာတွေအလိုမကျဖြစ်လဲ မသိပါဘူး "
"အင်း....ကဗျာ့မှာ အကြောင်းတစ်ခုခုရှိမှာပေါ့ မောင်ရဲ့ "
"တကယ်တော့ ကိုယ့်စိတ်ထဲမှာ တမျိုးကြီးပဲ "
"ဘာလို့လဲဟင်"
"ကိုယ် အရင်က ရည်းစားတွေ ထားခဲ့တာ ဘယ်သူမှ ကိုယ့်ကို စမဖြတ်ကြဘူးလေ ၊ ကိုယ်ကပဲ သူတို့ကို ဖြတ်ခဲ့တာ ။ ခုကျတော့ သူတို့က ကိုယ့်ကို စပြီး အဆက်အသွယ်ဖြတ်ကြတယ်လေ။ခုဆို နှစ်ယောက်ရှိပြီ "
မြတ်မင်းမောင် စဉ်းစားရခက်နေတယ် ။ သူ့မှာ အားလုံးပြည့်စုံနေတာပဲ။ ဟို အရင်ကဆို လမ်းခွဲဖို့ သူ့ဘက်ကစပြီး မနည်းကြိုးစားရတာ ။ သူ လမ်းခွဲဖို့ စပြောရင်တောင် အတင်းကပ်နေခဲ့လို့။ ခုနောက်ပိုင်းမှ နှစ်ယောက်ရှိပြီ။ အကြောင်းပြချက် သေချာမပေးဘဲ လမ်းခွဲသွားခဲ့ကြတာ ။
"ဒါဆို...မောင်ပြောချင်တာက မောင်က စပြီးလမ်းမခွဲလိုက်ရလို့ပေါ့...ဟုတ်လား"
"ဟာ...အဲ့ဒီလို မဟုတ်ဘူးလေ..မိုးကတော့ ....."
မိုး ပြုံးစစနဲ့ ပြောနေတာတွေ့တော့မှ နောက်နေမှန်းသိလိုက်တယ် ။ မိုးရဲ့ စနောက်တဲ့ စကားကြောင့် သူ ပြုံးမိသည်။ မိုးရဲ့ ပါးကို ဖွဖွလေးပါ လိမ်ဆွဲလိုက်ပြီး ရယ်မိသွားတယ် ။ မိုးလည်း သူနဲ့ အတူ လိုက်ရယ်တော့ စိတ်ညစ်စရာတွေ အလိုလို မေ့သွားရပြီ ။ မိုးလို ချစ်သူတစ်ယောက်သာ အနားမှာ ရှိနေရင် ပြည့်စုံနေပါပြီ ။ ဒါပေမဲ့လည်း သူ့ဝါသနာကိုက တစ်ယောက်ပြီး တစ်ယောက်တွဲနေရမှ နေသာထိုင်သာရှိတာမျိုး ။ ဒါပေမဲ့လည်း တစ်ချိန်ချိန်မှာ မိုးကိုပဲ လက်ထပ်မှာပါ ။ မိုးက နံပါတ်တစ်ပါပဲ ။ အခုချိန်ထိပေါ့ ။
YOU ARE READING
သံသယများရဲ့ နောက်ကွယ် [ Completed ]
Romanceလက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိလျက်နဲ့ ရည်းစားများပြီး ပွေရှုပ်နေဆဲ ဖြစ်တဲ့ မြတ်မင်းမောင် ။ ချစ်သူက ရည်းစားများတဲ့အပြင် သူ တွဲတဲ့မိန်းကလေးတွေနဲ့ပါ မိတ်ဆက်ပေးခြင်းခံရတဲ့ မိုးမခ ။ နားလည်ပေးရင်း နဲ့ နာကျင်စွာ ရှေ့ဆက်နေရတဲ့အခါ ။ မိုးတစ်ယောက် ဘယ်လေ...