Part - 18

2.7K 123 0
                                    

အပိုင်း ( ၁၈ )

ဒီနေ့ မိုးက မြတ်​မင်းကို လျှို့ဝှက်ချက်တွေ ဖွင့်ပြောမယ်​လို့​ပြောတာ​ကြောင့် ထက်မြတ် စိတ်​ပူ​နေမိတယ် ။ မိုး ဖုန်းဆက်မှာကို စောင့်မျှော်နေပေမယ့် ယခုထိ ဘာမှမထူးသေးပါ ။ ဖုန်း​ခေါ်ကြည့်တော့လည်း မကိုင်​ ။ ထက်မြတ်​ မ​နေနိုင်​တဲ့အဆုံး မိုးဆိုင်​ကို ထွက်လာခဲ့တယ် ။ ဟိုရောက်တော့ ဒီ​နေ့ မိုးက သူရဲ့ခြံကို သွားလို့ ဆိုင်​ကို မလာ​တော့ဘူးလို့ ရတနာ့ကို ​ပြောခဲ့တယ်​တဲ့ ။ ထက်​မြတ် စောင့်မနေနိုင်တဲ့အဆုံး မိုးရဲ့ခြံကို လိုက်​သွားမိတယ် ။ မ​ကောင်းတာ တစ်ခုခုဖြစ်​မယ်​လို့ သူ့စိတ်​ထဲ ခံစား​နေရတယ်​။

မိုးရဲ့ခြံကို ​သူ ရောက်​လာတဲ့အချိန်​ ​မှောင်​​တောင်​​မှောင်​​နေပြီ။ ခြံတံခါးပိတ်​ထားလို့ ဆင်းကြည့်တော့ ​သော့မခတ်​ထား ။ ကားကို အပြင်​မှာပဲ ရပ်​ထားခဲ့ပြီး ခြံထဲကို မြန်​မြန်​၀င်​ခဲ့တယ် ။ အိမ်​ထဲ​ရောက်​​တော့လည်း ဘယ်​သူမှမ​တွေ့။ မိုးကို နေရာအနှံ့ လိုက်ရှာနေမိတော့တယ် ။

တံခါးပွင့်နေတဲ့ အခန်းတစ်ခု​ထဲစို့  အ၀င်​ မြတ်​မင်းကို ထိုင်​ခုံမှာ ကြိုး​တွေနဲ့ ချည်​ထားတာ တွေ့လိုက်ရတယ် ။ မိုးရဲ့ လက်​ထဲမှာလည်း ​ဆေးထိုးအပ်​ကိုင်​ထားပြီး မြတ်​မင်းကို ထိုးဖို့ရွယ်​​နေတယ် ။

"မိုး........."

ထက်​မြတ်​ ထိတ်​လန့်စွာနဲ့ မိုးကို ​ခေါ်လိုက်မိတယ် ။ သူ့ကို လှည့်ကြည့်လာတဲ့ မိုး မျက်ဝန်းတွေမှာ စိတ်ရှုပ်သွားဟန်က အထင်းသား ။

"နင် ဒီကို ဘာလာလုပ်​တာလဲ...."

"ဒါ ဘာလုပ်​မလို့လဲ....မိုး"

"ထက်​မြတ်​....ငါ့ကို ကြိုး​ဖြေ​ပေးပါကွာ....."

မြတ်​မင်း​မောင်​က ရုတ်တရက် ရောက်လာတဲ့ ထက်​မြတ်​ကို မြင်တော့ အားကိုးတကြီး  အကူအညီ​တောင်းမိတယ် ။ ထိုအခါ မိုးက ခြောက်ကပ်ကပ် ရယ်တယ် ။ ထို့နောက် ထက်မြတ်ကို ကြည့်ရင်း ဆိုတယ် ။

"ငါ မောင့်ကို တစ်သက်​လုံးအတွက် ​ခေါ်ထားမလို့"

"သတိထားပါဦး မိုးရာ ။ နင်​ ဒီလိုလုပ်​လို့ သူနင့်ကို ချစ်​မယ်​ထင်​လား ။ သူ​သေရင်​​တောင်​ နင့်ကို ပြန်​ချစ်​မှာ မဟုတ်​ဘူး ။ ကိုယ့်ကို မချစ်​နိုင်​တဲ့ ​ယောကျ်ားတစ်ယောက်အတွက် ဘာ​ကြောင့် ဒီလိုလုပ်​မှာလဲ"

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now