part - 12

2.3K 120 2
                                    

အခန်း  ( ၁၂ )

"​ဘာဖြစ်​လို့လဲ အေမီ"

"ဟင်​..ဟင့်အင်း ၊ ငါ အရမ်းမုန်းတဲ့ မိန်းမတ​စ်ယောက်​ နာမည်​နဲ့တူ​နေလို့ ။ ငါ လန့်သွားတာ ။ ​လောကမှာ လူတူမရှား နာမည်​တူ မရှားမဟုတ်လား ။ နာမည်​တူတာ ​နေမှာပါလေ "

"အင်း....ဟုတ်​မှာပါ ။
နင်​သိတဲ့ မိုးမခက ဘယ်​လိုမျိုးလဲ။ ငါ့ရဲ့ မိုးက လူတစ်ဖက်သားအပေါ် နားလည်မှု ပေးတဲ့အပြင် စိတ်​ထားလဲည်း သိပ်ကောင်းတယ်​ ။ နောက်ပြီး ​အေး​ဆေးတည်​ငြိမ်​တယ်​တဲ့ မိန်းကလေး"

"ဟုတ်​မှာပါ ၊ ငါ သိတဲ့မိုးမခက နင်​​ပြောတာနဲ့ ဆန့်ကျင်​ဘက်​ပဲ "

"အင်း....ဟုတ်​လား ။ နင်​က သူ့ကို ဘာလို့မုန်းရတာလဲ  "

"ငါ့အစ်ကို သူ​ကျောင်းတက်​တုန်းက အဲ့ဒီမိန်းက​လေးနဲ့ တွဲတယ်​ ။ ပထမ​တော့ တ​စ်ယောက်​နဲ့ တ​စ်ယောက်​ အဆင်​​ပြေကြပါတယ် ။ ကိုကို က ငါနဲ့​တောင်​ မိုးမခကို မိတ်​ဆက်​​ပေး​သေးတယ်​ ။ ​နောက်​​တော့ အဲ့ဒီမိန်းမက အရမ်းပြသနာရှာလွန်းတယ်​ ။ ကိုကိုက သူ့သူငယ်ချင်း မိန်းက​လေးတွေနဲ့ စကားပြောဆိုတာ​​တောင် အမျိုးမျိုးပြသနာရှာခဲ့တာ ။​ ကိုကို နားလည်​​ပေးဖို့ လုပ်​ပေမယ့် ​နောက်​ပိုင်း ပြသနာဖြစ်​ရင်​ ​ဒေါသတကြီးတုံ့ပြန်​လာတယ်​ ။ ကြာ​တော့ ကိုကိုက သူ့ကို စိတ်​ကုန်​ပြီး လမ်းခွဲခဲ့တာ ။ ​မေ​မေတို့ သ​ဘောတူတဲ့ မိန်းက​လေးနဲ့ လက်​ထပ်​ဖို့ လုပ်​​တော့ မိုးမခက မရရ​အောင်​ လိုက်ဖျက်​တယ်​ ။ မရ​တဲ့ အဆုံး လက်​​လျော့ပြီး ကြိမ်းဝါးခဲ့သေးတယ် ။ လက်​ထပ်​တဲ့​နေ့က ကိုကို ​သေတဲ့​နေ့လို ​ပြောခဲ့တယ်​ ။ အဲ့​ဒီနေ့က ကိုကို့ကို ခြံ​ရှေ့မှာ သူ ​ပြောခဲ့တာတွေ ငါအားလုံးကြားခဲ့တယ်​ ။ တကယ်​ပဲ ကိုကို လက်​ထပ်​တဲ့​နေ့မှာ ကိုကို​ရော သူ့ဇနီး​လောင်း​ရော နှစ်​​ယောက်​လုံး ကားအက်​စီးဒန့်နဲ့ ဆုံးခဲ့ရတယ်​ ။ ဒါ မတော်တဆ မဟုတ်ဘူး ။ ဒါ အဲ့ဒီမိန်းမ လက်​ချက်​ဆိုတာ ​သေချာတယ်​"

"  သူ့မှာ အပြစ်​ရှိတာ အမှန်ဖြစ်ခဲ့ရင် ရဲ​တွေက မဖမ်းဘဲ ​နေမလား"

မြတ်မင်းမောင်က တွေးဆဆဖြင့် ပြောလိုက်တယ် ။

"ငါ​တော့ လုံး၀မယုံဘူး ။ မ​တော်​တဆလို့ အားလုံး​ပြောကြ​ပေမယ့်  အဲ့ဒီမိန်းမ​ကြောင့်ဆိုတာ ​သေချာတယ်​"

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now