part - 4

3K 151 2
                                    

အခန်း ( ၄ )

"ဟဲလို "

"ကို "

"အင်း..မြတ်​နိုး ၊ ပြောလေ "

"မြတ်​နိုးတို့ လမ်းခွဲရ​အောင်​...."

"ဘာ...ဘာလို့လဲ.. မြတ်​နိုး ၊ ကိုယ်​ ဘာအမှားလုပ်​မိလို့လဲ "

"ရှင်​...မမှားပါဘူး ၊ ကျွန်​မ မှားခဲ့တာ ၊ လမ်းခွဲရ​အောင်​၊ ကျွန်​မကို ဘယ်​လို အ​ကြောင်းမျိုးနဲ့မှ မဆက်​သွယ်​ပါနဲ့​တော့ "

"မြတ်​နိုး "

သူ ​ပြောဖို့ ပြင်​​နေ​ပေမယ့် ဖုန်းချသွားပြန်ပြီ။

မြတ်​မင်း​မောင်​ ဖုန်း ဆက်​တိုက်​​ခေါ်​နေ​ပေမယ့် ဖုန်းစက်​ပိတ်​ထားတယ်​ ။ သူ ​ခေါင်း​အေး​အေးထားပြီး ​သေချာပြန်​စဉ်းစားမိ​တော့ ဒါဟာ မရိုးသား​တော့ဘူး။ တစ်ခါလည်း မဟုတ်​၊ နှစ်​ခါလည်း မဟုတ်​ ၊ ခုဆို ​သုံးကြိမ်​​မြောက်​ လမ်းခွဲခံရတာ ၊ မြတ်နိုး နဲ့လည်း ဘာပြသနာမှမရှိခဲ့ဘဲ ။ မ​နေ့ကတောင် မြတ်​နိုးနဲ့ အတူ ​​လျှောက်လည်ခဲ့​​သေးတာပဲ ။ မနေ့ကထိ မြတ်နိုးက သူ့​​​ကို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာပါပဲ ။ လမ်းခွဲချင်တဲ့ အရိပ်အ​ယောင်နည်းနည်းမှ မ​တွေ့ခဲ့ပါဘူး ။ ​​​နောက်​ပြီး  ​သူတို့ဘက်​က စပြီးလမ်းခွဲခံရ​အောင်​ သူ့မှာ ဘာမှ​ပြောစရာမရှိ​အောင်​ ပြည့်စုံ​နေခဲ့တာပဲကို ။
ဒီကိစ္စကို ​သေချာ စုံစမ်းရမယ်​။ ဒီတ​ခေါက်​ ဒီတိုင်း ​ကျော်​သွားလို့ မဖြစ်​​တော့ဘူး ဟု သူ အတွေးဝင်မိတယ် ။

~~~~~~~~~~~~~~~

သူ ​ မြတ်​နိုးစာသင်​တဲ့ ကွန်​ပျူတာ သင်​တန်း​ကျောင်း​လေးကို ထွက်လာခဲ့တယ် ။ ဟို​ရောက်​​တော့ မြတ်​နိုး ခွင့်ယူထားတယ်​တဲ့ ။ တစ်​ပတ်​​လောက်​ နားမယ်​လို့​ပြောတယ်​။ ထူးဆန်းလိုက်​တာ ၊ မြတ်နိုးက ဘာကိစ္စရှိလို့များ တစ်ပတ်​​လောက်​ထိ နားရတာလဲ ။ မြတ်​နိုးမှာ အ​​ရေးကြီးကိစ္စရှိတယ်​ဆိုရင်​​တောင်​ သူ့ကိုဖွင့်ပြောလို့ ရတာပဲလေ ။ ဘာ​ကြောင့် လမ်းခွဲချင်​ရတာလဲ ။

မြတ်နိုးရဲ့ သင်တန်း​​ကျောင်းမှာ ​​​အိမ်​လိပ်​စာ ​မေး​တော့လည်း မ​ပြောပြပြန်​ဘူး ။ မြတ်နိုးက သူ့ အိမ်လိပ်စာကို ဘယ်​သူမှ မ​ပြောဖို့ မှာထားတယ်​တဲ့​လေ ။ အမြဲ ရပ်​ကွက်​နားထိပဲ လိုက်​ပို့ခိုင်းခဲ့​တော့ မြတ်နိုးရဲ့ အိမ်​လိပ်​စာကို မြတ်​မင်း​မောင်​ အတိအကျ မသိပြန်​ဘူး ။တစ်ခုခု​တော့ ထူးဆန်းနေတာ အမှန် ။ ရုတ်​တရက်​ လမ်းခွဲပြီး ​ပျောက်​သွားတဲ့ အ​ကြောင်းအရင်းက ဘာများလဲ ။

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now