part - 10

2.6K 120 0
                                    

အခန်း ( ၁၀ )

မြတ်​မင်း​မောင်​တစ်ယောက် ညဉ့်နက်​တဲ့အထိ အိပ်​မ​ပျော်​​သေးဘဲ အရင်​ကအ​ကြောင်းတွေ ပြန်​စဉ်းစား​နေမိတယ် ။

​နေခြည်​က သူ့ကို တစ်ပတ်​ပြည့်တဲ့​နေ့မှာ ဖုန်းကို မက်​​ဆေ့ပို့ပြီး လမ်းခွဲမယ်​​လို့ ​ပြောခဲ့တယ်​။ သူ ဖုန်းပြန်​​ခေါ်လည်း မကိုင် ။ ထို့ကြောင့် နေခြည် ရှိတတ်​တဲ့​နေရာ​တွေမှာ သွားရှာတော့လည်း မ​​တွေ့​တော့ဘဲ လုံး၀​ခြေရာ​ဖျောက်​သွားခဲ့တယ်​ ။ နေခြည်​လင်းက သူ့အပြင်​ အခြား​ကောင်​​လေး​တွေနဲ့ ဇာတ်​လမ်းတွေ ရှုပ်နေခဲ့တာကြောင့် သူ ထွေထွေထူးထူး တွေးတောမနေတော့ ။  နေခြည် လမ်းခွဲသွားတဲ့အပေါ် သူ့မှာ ခံစားချက်တစ်စုံတစ်ရာ မရှိ ။ တကယ်​ဆို သူလည်း  ​နေခြည့်ကို စိတ်​ကုန်​​နေခဲ့တာ အချိန်ကြာပြီ ဖြစ်ပြီး သိပ်​မကြာခင်​ ​ခေါက်​ပစ်​မယ်​လို့ ​တွေး​ထားပြီးသား၊ ​နေခြည်​ဘက်က သူ့ကို ​နေရာတကာ လိုက်​ချုပ်​ခြယ်​ချင်​တယ်​ ။ အဲ့ဒီလို မိန်းက​လေးမျိုးကို မြတ်​မင်း​မောင်​ သိပ်မုန်းတယ်​။ သူတို့ကို ခဏအ​ပျော်​တွဲတာကို အဟုတ်မှတ်ပြီး သူ့ရဲ့ လွတ်​လပ်​ခွင့်ကို ပိတ်​ပင်​ရင်​​တော့ သူ စွန့်ပစ်​ဖို့ ၀န်​မ​လေးဘူး။ ​နေခြည်​က သူ့ဘာသူ လမ်းခွဲသွား​တော့ သူ့အတွက်​ အဆင်​​ပြေသွားတာပဲလေ ။

အဲဒီ​နောက်​ပိုင်း ဘားကို သွားရင်း သီချင်းဆို​နေတဲ့ ကဗျာ့ကိုမြင်ပြီး  စိတ်​၀င်​စားသွားခဲ့တယ်​။ ကဗျာက ပါးနပ်​တယ်​။ ဒါ​ကြောင့် ကဗျာ့ကို သူ သ​ဘောကျခဲ့တာ ။ ကဗျာနဲ့ ​တော်​​တော်​ကြာရင်းနှီးပြီးမှ ရတေးစား​တွေ ဖြစ်​ခဲ့ကြတယ် ။ ရည်းစားဖြစ်ပြီး သိပ်မကြာခင် ​​​​ကဗျာက သူ့ကို လမ်းခွဲခဲ့ပြန်​တယ်​ ။ သူ ​​​နည်းနည်းတော့ သံသယဖြစ်​မိ​ပေမယ့် အရေးမပါတာမို့ ဂရုမစိုက်​ဘဲ ​မေ့ထားခဲ့ပြန်​တယ်​ ။

​နောက်ထပ် မြတ်နိုး နဲ့ ချစ်​သူ​တွေဖြစ်ခဲ့တယ်​ ။ မြတ်နိုးက လမ်းခွဲမယ်​​ပြော​တော့ သူ တကယ်​ပဲ အံ့သြသွားရပြန်​တယ်​ ။ ဘာလို့ တစ်ပတ်​ပြည့်တဲ့​နေ့တိုင်း လမ်းခွဲကြရတာလဲ ။ မြတ်​နိုးက ​အေး​အေး​ဆေး​ဆေး​နေတတ်​တဲ့ မိန်းက​လေးမျိုး ။ မြတ်နိုး ​လမ်းခွဲသွားရတဲ့အကြောင်းအရင်းက ကဗျာ ပြသနာရှာလို့တဲ့လား ။ ကဗျာက သူ့ကို ချစ်​လို့ ပြသနာရှာတယ်​ဆိုရင်​ ဘာလို့  လမ်းခွဲခဲ့​ရတာလဲ ။  ဒီပြသနာ​တွေရဲ့​နောက်​မှာ ကဗျာ့အပြင်​ ​နောက်​တ​စ်ယောက်​ ရှိ​နေဦးမလား ။ မြတ်​မင်း​မောင်​ သက်​ပြင်းချမိတယ်​။ သူ တွေးရင်းနဲ့ ​ခေါင်း​​နောက်​လာပြီ ။ ဘာ​တွေဖြစ်​​နေမှန်းလည်း ​သေချာမသိတော့ပါ ။ ဒီည​လည်း မ​နေ့ညလိုပဲ အ​တွေး​တွေနဲ့ မိုးလင်းဦးမယ်​ထင်​ပါရဲ့ ။

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now