part - 7

2.8K 145 3
                                    

အခန်း ( ၇)

ဒါနဲ့ ထက်မြတ် ကြိုက်နေတယ်ဆိုတဲ့ မိန်းကလေးက မိုး ​ပေါ့ ။ ဒါကိုမသိဘဲ ထက်​မြက်​ ဘက်​က ​ပြောပေးခဲ့မိတဲ့ သူ့ကိုယ်​သူ အပြစ်​တင်​မိတယ် ။

မြတ်​မင်း​မောင်​ တံခါးကိုတွန်းဖွင့်ပြီး ဆိုင်​ထဲကို ၀င်​လာခဲ့တယ် ။ သူ့ကို ​တွေ့တာနဲ့ သုံး​ယောက်​လုံး တိတ်​ဆိတ်​သွားပြီး အံ့သြသွားသလို ကြည့်လာတယ် ။

" မင်း ​ရောက်​​နေတာပဲ "

မြတ်မင်းမောင်က ထက်မြတ်ကို စေ့စေ့ကြည့်၍ မေးလိုက်တယ် ။

"အင်း"

"Moe..Happy Birthday !"

"​မောင်​ ဒီ​နေ့ ချိန်းထားတာရှိတယ်​ဆို "

"မိုးရဲ့ ​မွေး​နေ့လောက်​ ဘာမှ အ​ရေးမကြီးပါဘူး ။ ဒီမှာ မိုးအတွက်​ ​မွေး​နေ့လက်​​ဆောင်​ "

"ဘာများလဲ..."

"ဖွင့်ကြည့်လေ "

မိုး စိတ်​လှုပ်​ရှားစွာနဲ့ ဖွင့်ကြည့်တော့  ဆင်​တူ လက်​စွပ်​​လေး နှစ်​ကွင်း ။ M&M လို့ထွင်းထားတယ် ။ မိုး အရမ်း​ပျော်​သွားရတယ် ။ ​မောင်​ နဲ့ ချစ်​သူစဖြစ်​ထဲက ဒီလို လက်​​ဆောင်​တစ်​ခါမှ မ​ပေးဖူးခဲ့။

"​ကျေးဇူးပဲ မောင်​ ၊ မိုး အရမ်းကြိုက်​တယ်​ ။
​မောင်​ မိုး​မွေး​နေ့ကို ​မေ့​နေပြီထင်​တာ"

"ကိုယ်​ မ​မေ့ပါဘူး ၊ မိုးကို အံ့သြသွား​စေချင်​လို့ပါ။ လက်​စွပ်​ ကိုယ်​ ၀တ်​​ပေးမယ်​​နော်​"

လက်​စွပ်​​လေးကို ယူပြီး မိုးရဲ့ လက်​​ချောင်း​လေးမှာ ၀တ်​ပေးလိုက်​တယ် ။ မိုးလည်း သူ့လက်​မှာ လက်​စွပ်​ပြန်​၀တ်​ပေးတယ် ။
သူတို့ကို ကြည့်ပြီး ထိန်းမရ​အောင်​ မျက်​နှာပျက်​​နေတဲ့ ထက်​မြတ်​ကို မြင်တော့ မြတ်​မင်း​မောင်​ စိတ်​ထဲ ကြိတ်​ပြုံးမိတယ် ။

"မိုး...ဒီ​နေ့ ကိုယ်​တို့ ​လျှောက်လည်ရအောင် ။
ရတနာ ဒီ​နေ့ ဆိုင်​မှာ ​နေ​ပေးပါ​နော်​ "

"ရတနာ့ကို​ရော မ​ခေါ်ဘူးလား....."

ရတနာက မြတ်​မင်း​မောင်​ကို ​မေး​တယ် ။

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now