final

7.3K 224 9
                                    


( ဇာတ်​သိမ်းပိုင်း)

မြတ်​မင်း​မောင်​ ​ကော်​ဖီဆိုင်​မှာ မိုးကို ​စောင့်နေမိတယ် ။ ချိန်းထားတဲ့အချိန်​ထက်​ နာရီ၀က်​ ​နောက်​ကျ​နေပြီ ။ ဘာပဲဖြစ်​ဖြစ်​ မိုး​ရောက်​လာတဲ့ထိ ​စောင့်မယ်​လို့ သူ ဆုံးဖြတ်​ထားတယ်​ ။ မြတ်​မင်း အခုလို မိုးကို ​စောင်​​​နေရတဲ့အချိန်​ အရင်​က မိုး သူ့ကို ​အမြဲ​စောင့်နေခဲ့ရတာ​တွေအတွက်​ စိတ်​မ​ကောင်းဖြစ်​မိတယ် ။

တကယ်​​တော့ သူ ဖြစ်​ခဲ့တဲ့ပြသနာ တွေ​ကြောင့်  ​တော်​​တော်​​လေးစိတ်​ညစ်​ပြီး တခြားတ​စ်နေရာကို ခဏထွက်​သွားခဲ့တာဖြစ်တယ် ။ အဲဒီအချိန်​မှာ သူ​သေချာသိခဲ့တယ်​။ မိုးလို သူ့ကိုချစ်​နိုင်​တဲ့သူ မရှိဘူးဆိုတာ ။ မိုး သူ့ကို ချစ်​လွန်းလို့ဟန်​​ဆောင်​ခဲ့တာ ၊ သူ့ကို ချစ်​လို့ ဒီလိုလုပ်​ရပ်​​တွေ လုပ်​ခဲ့တာလို့ နားလည်​လာတယ်​ ။အချိန်​​တော်​ကြာ စဉ်းစားပြီး​နောက်​မှာ​တော့ သူ ခရီးကပြန်​လာပြီး မိုးကို အရင်​လိုပြန်​တွဲဖို့ ဆုံးဖြတ်​ခဲ့​ခြင်းပင် ။ သူ ယခု စိတ်လှုပ်ရှားပြီး  ရင်​ခုန်​​နေမိတယ် ။ သူ အခုချိန်​မှာ  မိုးကို မသိစိတ်​ထဲက ချစ်​​နေခဲ့တယ်​ဆိုတာ ​သေချာသိလိုက်​ပြီဖြစ်​ပါတယ် ။

"မိုး....."

ဆိုင်​ထဲကို ၀င်​လာတဲ့မိုးက ဂျင်း​ဘောင်းဘီအပြာ​လေးဝတ်ထားပြီး အကျ်​ီအဖြူ​ရောင်​​လေးနဲ့ အရင်​လို တည်တည်​ငြိမ်​ငြိမ်​ပုံစံမဟုတ်​ဘဲ ပေါ့ပေါ့ပါးပါးဟန်နဲ့ ချစ်​စရာ​ကောင်း​နေတယ် ။ သူလက်​ပြလိုက်တော့ မိုးက မြင်သွားပြီး စားပွဲကို ​လျှောက်လာတယ် ။

" ဘာကိစ္စရှိလို့လဲ..."

မိုးက တွေ့တွေ့ချင်း မေးခွန်းထုတ်လာတယ် ။

"အရင်​ကအမှား​တွေ အားလုံးအတွက်​ ကိုယ်​​တောင်းပန်​ပါတယ်​။ ကိုယ်​ ​မိုးကို ချစ်​တယ်​။ ကိုယ်​ ဒီတစ်ခါ တကယ်​ အတည်​​ပြောတာပါ မိုးရယ်"

"ကျွန်​မ ကို ချစ်​တယ်​ဟုတ်​လား။ ဒါဆို ဘာလို့ ကျွန်​မအ​ကြောင်းကိုသိတဲ့အချိန် ထားသွားခဲ့ရတာလဲ။ ဘာလို့ ခုမှပြန်​​ပေါ်လာရတာလဲ"

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now