part - 19

3.5K 131 0
                                    

အပိုင်း ( ၁၉ )

မိုး အချိန်​​တော်​​တော်​ကြာတဲ့အထိ ​မောင့်ကို ချစ်​တဲ့စိတ်​​ကြောင့် နာကျင်​ခံစား​နေရတုန်းပင် ။ဆယ်ရက်​​​​ပြည့်တဲ့​နေ့မှာ​တော့ မိုး ကိုယ့်ကိုယ်​ကို ​ပြောင်းလဲဖို့ စတင်တော့တယ် ။ မိုး ​မောင့်ရှေ့မှာ ဟန်​​ဆောင်​ခဲ့တဲ့ ယဉ်​​သေးသိမ်​​မွေ့တဲ့ ၀တ်​စားဆင်​ယင်​မှု ၊ အ​ပြောအဆို​တွေကို ​မေ့ပစ်​လိုက်​တယ် ။ မိုး အရင်​ထဲက​နေ​နေကျ ပုံစံအတိုင်း လွတ်​လွတ်​လပ်​လပ်​သာ ၀တ်​ဆင်​၊ ​ပြောဆို​နေ​ထိုင်​တော့တယ်​ ။ မိုး ဆက်​ပြီး ဟန်​​ဆောင်​​နေစရာမှမလို​တော့တာ ။ ဟန်​​ဆောင်​လိမ်​ညာ​တာ​တွေ မရှိ​တော့တဲ့အခါ စိတ်​က ပိုပြီး​အေးချမ်းလာတယ်​ ။

မိုးရဲ့ ဆိုင်လေးကိုပဲ စိတ်​နှစ်​ထားပြီး ​မောင့်​ကို ​မေ့ထားခဲ့တယ်​။ တစ်ခါတ​လေ သတိရမိတာက လွဲရင်​ အဆင်​​ပြေပါတယ်​​လေ။ သူငယ်​ချင်း​တွေနဲ့ အရင်​လို ​ပျော်​​ပျော်​ပါးပါး မုန့်စားတယ် ၊ အတူတူ ​လျှောက်​လည်​ကြတယ်​။ ခုမှ ​ပျော်​ရွှင်​မှု​တွေ နည်းနည်းပြန်​ခံစားလာရတယ်​။

ထက်​မြတ်​က ပန်းဆိုင်​ထဲကို ၀င်​လာတယ် ။

"မိုး..."

"​ပြောလေ၊ ထက်​မြတ်​"

"​အေမီ နိုင်​ငံခြားကို အပြီးပြန်​သွားပြီ"

မိုး မဲ့ပြုံးပြုံးမိတယ် ။ ​အေမီက သူ့ဆန္ဒ​တွေပြည့်တော့ ပြန်​ပြီ​ပေါ့။

"​မြတ်​မင်းလည်း ခရီးထွက်​သွားပြီလို့ သတင်းကြားတယ်​  "

"အင်း....."

​မောင်​ မိုးကို နားလည်​​ပေးပြီး ပြန်​ဆက်​သွယ်​မလားဆိုတဲ့ ​နောက်​ဆုံး​မျှော်​လင့်ချက်​လည်း ပျက်​ဆီးသွားပြီ။
​မောင် အားလုံးကို ​မေ့ပစ်​ဖို့ ကြိုးစား​နေပြီထင်​တယ်​ ။ မိုး အ​ကြောင်း​တွေသိတော့ မိုးကို ထားခဲ့ပြီ​ပေါ့ ။ မိုး မောင့်အ​ပေါ် နားလည်ပေးခဲ့လို့သာ ​မောင်​က တွဲ​နေခဲ့တာ။  ခုအားလုံးသိပြီဆို​တော့ ချန်​ထားခဲ့ပြီ​ပေါ့ ။မိုး လည်း ​မေ့နိုင်​ဖို့ ကြိုးစားရ​တော့မှာ​ပေါ့​​လေ။ တကယ်​တမ်း​တော့ နှလုံးသားထဲမှာ မောင့်ကို သတိရတဲ့စိတ်​​ကြောင့် နာကျင်​​နေရတုန်းပင် ။ ​မောင်​များ ဖုန်းဆက်​မလားလို့ အချိန်​တိုင်း ​မျှော်​​နေမိဆဲပါပဲ ။

သံသယများရဲ့ နောက်ကွယ် [ Completed ]Onde as histórias ganham vida. Descobre agora