part - 9

2.5K 122 0
                                    

အခန်း ( ၉ )

"မြတ်​နိုး "

သူ့​ခေါ်သံ​ကြောင့် မြတ်​နိုးက စကား​ပြော​နေရာမှ ငြိမ်​သက်​သွားပြီး တဖြည်းဖြည်း လှည့်ကြည့်လာတယ် ။ မြတ်နိုးရဲ့ မျက်​၀န်းတွေမှာ သူ့ကို နာကြည်းမုန်းတီးနေတဲ့ အရိပ်အယောင်တွေ မြင်နေရတယ် ။

"ကိုယ်​ မင်းနဲ့ စကား​ပြောချင်​တယ် မြတ်နိုး "

မြတ်​နိုးက သူ့ သူငယ်​ချင်းကို လှမ်းနှုတ်​ဆက်​လိုက်​တယ် ။

"ငါ ​ပြောစရာရှိလို့ ​နောက်​မှ​တွေ့မယ်​​နော်​ ဝတီ "

"အင်း...မြတ်​နိုး ၊ ဒါဆို ငါ သွား​တော့မယ်​ "

"အင်း...."

မြတ်​နိုးက သူ့ သူငယ်​ချင်း ထွက်​သွားပြီးတာနဲ့ မြတ်မင်းမောင်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး... ။

"ကျွန်​မ ရှင်​နဲ့ ​ပြောစရာစကားမရှိဘူး ။ ရှင်​ သွားပါ​တော့....."

"အဲ့ဒီလို စိမ်းစိမ်းကားကားမ​ပြောပါနဲ့ မြတ်နိုးရယ် ။ ကိုယ်​ ဘာမှားခဲ့လို့လဲ။ မြတ်​နိုး ကိုယ့်ကို ဘလိုင်းပြီး ထားခဲ့တာ​လေ ။ကိုယ်​ မြတ်​နိုးရဲ့ သင်​တန်း​ကျောင်းမှာလည်း သွားရှာခဲ့​သေးတယ်​ "

"ဟုတ်​ပါတယ်​။ ရှင်​ မမှားပါဘူး။ ရှင့်လို လူကို ယုံကြည်​ခဲ့မိတဲ့ ကျွန်​မ အမှားပါ "

"မြတ်​နိုး ကိုယ့်ကို နားလည်​​အောင်​ ​ပြောပြပါလား ။ ကိုယ်​ နဲ့ တ​စ်နေရာမှာထိုင်​ပြီး ​အေး​အေး​ဆေး​ဆေး ​ပြောရအောင် "

"ကျွန်​မ ရှင်​နဲ့ အတူ ဘယ်မှ အတူမသွားနိုင်​ဘူး ။ ရှင်​ သိချင်​ရင်​​တော့ ကျွန်​မ ဒီ​နေရာမှာပဲ ​ပြောပြမယ်​ "

မြတ်နိုးရဲ့ အသံထဲ ဒေါသစွက်နေပြီး အကြည့်တွေက ပြတ်သားနေတယ် ။

မြတ်​မင်း​မောင်​ ခေါင်းညိတ်ပြီး မြတ်​နိုးရဲ့ စကားကို စိတ်ဝင်တစား နားစွင့်နေမိတယ် ။

"ရှင့်ရဲ့ ရည်းစား ကျွန်​မရဲ့ သင်​တန်း​ကျောင်းမှာ ပြသနာလာရှာသွားတယ်​ ။ ကျွန်​မ တစ်သက်​လုံး ထိန်းသိမ်းလာတဲ့ သိက္ခာ​တွေ ​ရှင်​့ကြောင့်ပဲ အကုန်​ ​မြောင်းထဲ​ရောက်​ကုန်ရတာ ။ရှင့်ကို ကျွန်​မ အစတည်းက ​မေးခဲ့တယ်​ ။ ရှင့်မှာ ရည်းစားရှိလားလို့ ။ ရှင်​ ကျွန်​မကို ဘာ​ပြောခဲ့လဲ ၊ မရှိပါဘူးဆို ။ ရှင့်ရဲ့ အလိမ်​အညာစကားကို ​သေချာမစုံစမ်းဘဲနဲ့ ကျွန်​မ မယုံခဲ့သင့်ဘူး "

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now