အခန်း ( ၁၃ )
မိုး ကော်ဖီဆိုင်က ထွက်လာပြီးနောက် ပန်းဆိုင်လေးကို ပြန်လာခဲ့တယ် ။
"ဘာဖြစ်လာတာလဲ ၊ မျက်နှာလည်း မကောင်းပါလား "
"ငါ အေမီနဲ့ တွေ့ခဲ့တယ် ။ သူက မောင့်အချစ်ဆုံး သူငယ်ချင်းတဲ့လေ"
"အေမီဆိုတာ နင့်အရင် ရည်းစားဟောင်းရဲ့ ညီမ မဟုတ်လား..."
"အင်း..."
"သူ နင့်ကို ဘာပြောသေးလဲ"
"သူ့အစ်ကို ဆုံးတာ ငါ့ကြောင့်လို့ ထင်နေတယ်လေ"
"ဟင် ၊ ကိုခန့်ထည်က ကားအက်စီးဒန့်နဲ့ ဆုံးတာမဟုတ်လား။ နင်နဲ့ ဘာဆိုင်လို့လဲ ။ သူက ဘာကိစ္စ အပြစ်တင်နေရတာလဲ "
"အင်း..."
"အေမီစကားတွေကြောင့် မောင် ငါ့ကို အထင်လွဲသွားမှာလည်း စိုးတယ် "
"မြတ်မင်းမောင်ကို စိတ်ပူနေသေးတယ် ။ နင် သူ့ကို ဒီလောက် နားလည်မှုပေးထားတာပဲ ။ သူ့ဘက်ကလည်း နားလည်မှု ရှိရမှာပေါ့"
"အင်း....နားလည်ပေးဖို့ မျှော်လင့်ရတာပဲ"
"ကဲပါ စိတ်ညစ်စရာတွေ မေ့ထားလိုက်ပါ။ ဒါနဲ့ ငါ ဒီနေ့ စောစောပြန်ရမယ်ဟ ။ သွားစရာရှိတယ် "
"အင်း ပြန်လေ။ ငါလည်း ဒီနေ့ ဆိုင်စောစောပိတ်မလားလို့"
"ကောင်းတယ်။ နင် အနားယူဦး"
"အင်း..."
မိုး ဆိုင်က ကောင်မလေးကိုရော စောစောပြန်ခိုင်းပြီး မောင့်ကို စောင့်နေမိတယ် ။ မောင်နဲ့ တွေ့ပြီးမှ မိုးလည်း စောစောပြန်နားတော့မယ် ။
~~~~~~~~~~~~~~~~~~~~~
မြတ်မင်းမောင်က အေမီ့ကို လိုက်ပို့ပြီးနောက် စိတ်ပြေတဲ့အထိ ခဏနေပေးပြီးမှ မိုးဆီ ထွက်လာခဲ့တယ် ။
"မိုး..."
"ဪ မောင်...ရောက်လာပြီပဲ"
"အင်း...ခုနကိစ္စ ကိုယ်တောင်းပန်ပါတယ် ။ အေမီက နည်းနည်းတယူသန်တယ် "
YOU ARE READING
သံသယများရဲ့ နောက်ကွယ် [ Completed ]
Romanceလက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိလျက်နဲ့ ရည်းစားများပြီး ပွေရှုပ်နေဆဲ ဖြစ်တဲ့ မြတ်မင်းမောင် ။ ချစ်သူက ရည်းစားများတဲ့အပြင် သူ တွဲတဲ့မိန်းကလေးတွေနဲ့ပါ မိတ်ဆက်ပေးခြင်းခံရတဲ့ မိုးမခ ။ နားလည်ပေးရင်း နဲ့ နာကျင်စွာ ရှေ့ဆက်နေရတဲ့အခါ ။ မိုးတစ်ယောက် ဘယ်လေ...