part - 8

2.5K 130 0
                                    

အခန်း ( ၈ )

မြတ်​မင်း ဖုန်းဆက်​ပြီးချိန်းလို့ ထက်​မြတ်​ ဘားကို​ရောက်​လာခဲ့တယ် ။ မြတ်​မင်းက​တော့ အရက်​​သောက်​​နေတယ် ။ သူ မြတ်မင်းရဲ့ ဘေး​မှာ ၀င်​ထိုင်​လိုက်​တော့ အရက်​​သောက်​​နေရာမှ ​ဘေးကို စောင်းငဲ့ကြည့်လာတယ် ။

"မင်း ​ရောက်​လာပြီပဲ ။ ငါ ပွင့်ပွင့်လင်းလင်းပဲ ​မေး​တော့မယ်​ ။
မင်း ကြိုက်​​နေတယ်ဆိုတဲ့ မိန်းက​လေးက မိုး လား"

မြတ်မင်းက တွေ့တွေ့ချင်းပဲ တဲ့တိုးမေးလာတယ် ။ ထက်​မြတ်​က ဖန်​ခွက်​ထဲကို အရက်​ထည့်ပြီး အရင်​ ​မော့​သောက်​လိုက်​တယ် ။ ပြီးမှ မြတ်မင်းကို စေ့စေ့ကြည့်၍ ခေါင်းတစ်ချက် ညိတ်လိုက်တယ်  ။

"ဟုတ်​တယ်​ ၊ ငါ မိုးကို ကြိုက်​တယ်​ ။ ခုမှ မဟုတ်​ဘူး ဟိုအရင်​တည်းက..."

"ငါ မင်းတို့ကို မိတ်​ဆက်​​ပေးတုန်းက သိ​နေကြတယ်ဆိုတာ ဘာလို့မ​ပြောခဲ့လဲ"

"ငါ မင်းကို ဘယ်​လို​ပြောရမလဲ ။ ​မင်းရဲ့ ချစ်​သူမိုးက ငါချစ်​​နေတဲ့သူလို့ ​ပြောရမှာလား "

"​တောက်​...မင်းကွာ ၊ ခုချိန်​ကစပြီး မိုးနဲ့ ရင်းရင်းနှီးနှီး မ​နေနဲ့​တော့။ မိုးက ငါ့ချစ်​သူ "

"ဟား....ဟား...မင်းက မိုးကို ချစ်​သူလို့ သတ်​မှတ်​​သေးတယ်​​ပေါ့ ဟုတ်​လား ။ မင်း မိုးကို ​ချစ်​​ရော ချစ်​လို့လား ။ တ​စ်ယောက်​ပြီး တ​စ်ယောက်​နဲ့ တွဲ​နေတဲ့ မင်းက အချစ်​ကို သိမှာ မဟုတ်​ဘူး"

"မင်း နဲ့ မဆိုင်​ပါဘူး ။ တစ်ချိန်​မှာ မိုးက ငါ လက်​ထပ်မယ့် သူ ။ မင်း မိုးနဲ့ မပတ်​သတ်​ပါနဲ့"

"မင်း ငါ့ကို အမိန့်ပေးလို့မရဘူး မြတ်မင်း  ။ မင်းသာ မိုးကို သစ္စာရှိရှိ ချစ်​​နေရင်​ မင်းတို့​ပျော်​နိုင်​ဖို့ ငါက ဆု​တောင်း​ပေးဦးမှာ။ ခု မင်းက မိုးကို နာကျင်​ခံစားရ​အောင်​ လုပ်​​နေတယ်​။ ငါ ဒီတိုင်း ကြည့်မ​နေနိုင်​ဘူး "

ထက်မြတ်က ခြိမ်းခြောက်တဲ့ အကြည့်နဲ့ဆိုလာတော့ မြတ်မင်းမောင် ဒေါသထွက်သွားရတယ် ။

"​ပြောလို့ မရလည်း မင်း​သ​ဘောပဲ ။ မိုးက ငါ့ကို အရမ်းချစ်​တာ။ ဒီ​တော့ မင်းတွယ်​ကပ်​​နေလည်း ထူးမှာ မဟုတ်​ဘူး"

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now