part - 3

3K 154 0
                                    

အခန်း ( ၃ )

"မြတ်​နိုး"

"​ဪ ကိုမြတ်​မင်း​မောင်​ ဘယ်​ကိုလာတာလဲ "

"မြတ်​နိုးဆီလာတာ ၊ မြတ်​နိုး သင်​တန်းချိန်​ပြီးပြီလား"

"ဟုတ် "

"ကိုယ်​ အိမ်​ပြန်​လိုက်​ပို့​ပေးမယ်​​လေ ၊ ​ပြောစရာလည်း ရှိလို့"

မြတ်​နိုး က ကွန်​ပျူတာ သင်​တန်း​ကျောင်းမှာ ဆရာမ ။ မြတ်​နိုး သင်​တန်း အချိန်​တွေ ကြိုတင်​စုံစမ်းပြီး အလုပ်​သွား အလုပ်​ပြန်​ချိန်​​တွေ ​စောင့်နေကာ အကြိုအပို့လုပ်​​ပေးရင်း မြတ်​နိုး နဲ့ သူ ပိုပြီး ရင်းနှီးလာပြီ။

"အင်း...ဒါဆိုလည်း မြတ်​နိုးတို့ တ​စ်နေရာမှာ ထိုင်​ပြီး စကားအရင်​​ပြောတာ​ပေါ့"

"မြတ်​နိုး...."

"ဟင်​ ...."

မြတ်​နိုးက ကော်ဖီသောက်နေရာမှ ​မော့ကြည့်တော့ မြတ်​မင်း​မောင်​ရဲ့ စူးရှတဲ့ အကြည့်တွေနဲ့ ဆုံသွားတယ် ။ ရင်​ထဲ တဒိန်းဒိန်းခုန်​သွားလေတယ် ။ ဒါ​ပေမဲ့ မြတ်​မင်း​မောင် မရိပ်​မိ​အောင်​ ဟန်​​ဆောင်​ထိန်းချုပ်ထားရင်း တည်တည်ငြိမ်ငြိမ် နဲ့ ဖြေလိုက်တယ် ။

"​အင်း...​ပြော​လေ ....ကိုမြတ်​မင်း​မောင်"​

"မြတ်​နိုးရယ်​ ကိုယ့်ကို မြတ်​မင်းလို့ပဲ ဖြစ်​ဖြစ်​ ​ခေါ်ပါလား။ နာမည်​အပြည့်အစုံ ​ခေါ်တာကြားရတာ သူစိမ်းဆန်​​နေတယ်​လို့ ခံစား​နေရလို့ပါ"

"မြတ်​နိုးတို့ ​ရင်းနှီးတာ တစ်ပတ်​​လောက်​ပဲ ရှိ​သေးတယ်​​လေ"

"ဒါ​ပေမဲ့ ကိုယ်​ကတော့ မြတ်​နိုးနဲ့ ဟိုးအရင်ထဲက ရင်းနှီးခဲ့သလိုပဲ ခံစားရတယ်​ ။ နောက်ပြီး မြတ်​နိုးကို ကိုယ်​ မြင်​မြင်​ချင်းပဲ စိတ်​၀င်​စားမိသွားတယ် ။ ကိုယ့် အချစ်​ကို လက်​ခံ​ပေးနိုင်​မလား"

"မြတ်​နိုးကို ရည်းစားစကား ​ပြော​နေတာလား"

မြတ်နိုးက အံ့အားသင့်သွားဟန်ဖြင့် မျက်လုံးဝိုင်းလေးနဲ့ မေးတယ် ။

"အင်း၊ ကိုယ့်ကို အ​ဖြေ​ပေးပါ​နော်​"

"ဟမ်​....ခုပဲ ရည်းစားစကား​ပြော၊ ခုပဲ အ​ဖြေ​တောင်းရလား"

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now