Part-2

18.3K 1.8K 76
                                    

Chanyeol Byun လေးကို မီးအိမ်လေးထွန်းကာ ငုတ်တုတ်လေး ထိုင်ကြည့်နေမိတယ်

"Byun လေး အစာ မစားဘူးလား~~"

သူ့ရဲ့ Byunလေးဟာ ရွှေလှောင်လေးထဲမှာ ပျော့ခွေစွာ လှဲပြီး မျက်ရည်လေးတွေ ဝဲနေတယ်

အဲ့လို မလုပ်ပါနဲ့ ~~~

Chanyeol သံတိုင်တွေကြားကနေ ပတ်ပြီး လှမ်းကြည့်နေမိတယ်

အဲ့လို မကြည့်ပါနဲ့~~~ Byun လေး

Chanyeol စိတ်မကောင်းစွာ လှမ်းကြည့်နေမိတယ်

"မင်း စကားပြောတတ်ရင် ကောင်းမယ်"

Petal လေးတွေဟာ လူက ဆင်းသက်လာပေမယ့် သူ့တို့ကို လာရောက် ဝယ်ယူသူမရှိမချင်း စိန်ကွပ်ထားတဲ့ ဖန်အိမ်ကြီးထဲမှာပဲ နေရတယ်

သူတို့ဟာ သူတို့ကို စောင့်ရှောက် ထိန်းသိမ်းနေတဲ့ Monster တာဝန်ခံတွေကိုတောင် မမြင်ရဘူး

သူတို့ကို အိပ်ပျော်ချိန်မှာ Monster တွေဟာ Glory ကိုလာရောက် ရွေးချယ်ကြပြီး သူတို့ အိပ်ယာနိုးလာလို့ မျက်လုံးပွင့်လာတဲ့ အခါ Glory ကို ချက်ချင်း ပိတ်လိုက်တယ်

ဖွင့်ချိန် ပိတ်ချိန်ဟာ အကန့်အသတ်မရှိဘဲ သူတို့ရဲ့ နိုးထမှုပေါ်မူတည်တယ်

ရည်ရွယ်ချက်ကတော့ Petal လေးတွေဟာ လူက ဆင်းသက်လာတာ ဖြစ်တဲ့ အတွက် အလွန် ဉာဏ်ကောင်းပြီး မြင်မြင်သမျှကို နားလည်နိုင်စွမ်းရှိတယ်

Petal လေးတွေ အိမ်တော် တစ်ခုကို ရောက်သွားတဲ့အခါ အသက်ရှင်လျက် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ဖို့ ဉာဏ်ရည်ကို နိုမ့်အောင် လေကျင့်ပေးထားခြင်းပင်

သူတို့ကို မည်သည့် အရာနှင့်မျှ ထိတွေ့ခွင့်မပေးပဲ ကောင်းမွန်စွာ ပိတ်လှောင်ထားခြင်းဖြင့် Petal လေးတွေဟာ ဘယ်အသက်အရွယ် ရောက်ရောက် မှန်ဘောင်ထဲက ထွက်လာတဲ့အခါ ကလေးလိုသာ ဖြစ်နေလိမ့်မည်

သူတို့ဟာ လမ်းလျောက်ပြီး စားသောက်တတ်တာက လွဲရင် စကားတောင် ပြောတတ်မည် မဟုတ်!!

သို့သော် ရိုင်းစိုင်း ကြမ်းကြုတ်တဲ့ Monster တွေဟာ ကောင်းမွန်မြင့်မြတ်တဲ့ ပုံစံကို ရဖို့ Petal လေးတွေကို အမှီပြုပြီး Petal သဘောကျသလို လိုက်လျောညီထွေ နေထိုင်နိုင်အောင် လေ့ကျင့်ခြင်းဖြင့် သင်ယူနိုင်တယ်

MyPetal {Season 1}Where stories live. Discover now