Part-4

13.5K 1.6K 63
                                    

Chanyeol အိပ်​ရာက နိုးလာတဲ့ အခါ သူ့ရင်​ခွင်​ထဲမှာ Byun​လေး မရှိ​တော့ဘူး

Byun​လေးရဲ့ အဝတ်​စ​လေးပဲ ကျန်​ခဲ့တယ်

Chanyeol ဝရုန်းသုန်းကားနဲ့ ထကြည့်​လိုက်​မိတယ်

မနက်​ခင်း​ ​နေ​ရောင်​ခြည်​​အောက်​က ရတနာတို့လှပစွာ စီခြယ်​ထား​သော မှန်​လုံးအိမ်​ကြီး ​အောက်​က ​ရွှေ​လှောင်​အိမ်​​လေး

ထို့အတူ အနားက ပန်းပင်​​လေး​တွေ

နေ​ရောင်​ အလင်းတန်း ​ဖွေး​ဖွေး​လေး​တွေ

Byun​လေးကို​တော့ သူမ​တွေ့!!

ရုတ်​တရက်​ သူ့နှာ​ခေါင်းထဲ ဟင်းနံ့​လေး တစ်​မျိုးတိုးလာတယ်

Chanyeol အနံ့ခံလိုက်​မိတယ်

အလွန်​​မွှေးပျံ့​​သော အသားနံ့!!

Chanyeol ​လှောင်​အိမ်​တံခါး​ဖွင့်​ပြီး ​Byun​လေး အဝတ်​စကိုင်​ကာ အပြင်​ကိုထွက်​လာမိတယ်

Suho ဟာ မီးဖိုခန်းထဲမှာ ဟင်းချက်​ထားတယ်​ ထင်​တယ်

အ​ငွေ့တစ်​​ထောင်း​ထောင်းနဲ့ ဆူညံစွာ ​အော်​မြည်​​နေ​သော ​​ရေပွက်​သံများ သူကြားရတယ်

ပြီး​တော့ သူ မီးပူ​နေ​သော ဟင်းအိုးကိုလည်း ​တွေ့ရတယ်

ဒါ​ပေမယ့်​ Byun​လေးနဲ့ Suho ကို​တော့ မ​တွေ့

Chanyeol ​ပြေးပြီး နိုက်​စားလိုက်​တယ်

အမဲသားပြားကြီး ​ကြော်​ထားတယ်​!!

Chanyeol ​ပါးစပ်​ထဲ အကုန်​ထည့်​လိုက်​တယ်

Chanyeol စိန်​​ပြေန​ပြေ ဝါးရင်း သူ့ရဲတိုက်​ကြီး တစ်​ခုလုံးမှာ Byun ​လေးကို လိုက်​ရှာလိုက်​တယ်

×××××××

Suho Byun​လေးကို ​ရေချိုး​ပေး​နေတယ်

Chanyeol ရဲ့ ​ရေချိုးကန်​ကြီးထဲမှာ နှစ်​​ယောက်​သား ဆပ်​ပြာ​​ရေပူ​တွေနဲ့ ​ရေစိမ်​​နေကြတယ်

Byun​လေးဟာ ​ရေကြိုက်​တယ်​ ထင်​တယ်

Suho ​ခေါင်း​လျော်​​ပေးတာကို ငြိမ်​ခံ​နေပြီး ကန်​ထဲက ဆပ်​ပြာမြုပ်​​တွေကို ​ဆော့​နေတယ်

MyPetal {Season 1}Where stories live. Discover now