part-13

12.1K 1.5K 113
                                    

မနက်​ မိုးလင်း​တော့ Chanyeol ရဲ့ တံ​တောင်​​​လောက်​ရှိ​သော ပန်း​ပင်​​လေး​တွေဟာ အပွင့်​​​တွေ ပွင့်​​နေတယ်

ညဘက်​ စိုက်​ထားတာမို့ ပန်း​ပင်​​လေး​တွေဟာ အ​ရောင်​မညီ

ပထမဆုံး နှင်းရည်​ ထိတာနဲ့ ခြံကြီးထဲမှာ ပြန့်​ကျဲစွာ ​ရောင်​စုံ​ ပွင့်​​နေတယ်

Byun​လေးဟာ Chanyeol ထိုး​ပေးထား​သော ပန်း​ရောင်​ သိုး​မွှေးဝတ်​ရုံ​လေးနဲ့ ပန်း​တောထဲမှာ ငုတ်​တုတ်​​လေး ထိုင်​​ပြီး ​နေပူဆာ လှုံနေတယ်

ပန်းပွင့်​​တွေ​ကြောင့်​ ​ရောက်​လာ​သော လိပ်​ပြာ​လေး​တွေကို သူသ​ဘောကျ​နေပုံပင်

Byun​လေးဟာ ပန်း​တောထဲမှာ လိပ်​ပြာ​လေး​တွေကို လက်​နဲ့ လိုက်​ဖမ်း​နေတယ်

ပန်း​တောထဲက ပန်းပွင့်​​လေးလိုပင်​ Byun​လေးဟာ လိပ်​ပြာ​လေး​တွေ ပျံသန်းရာ​နောက်​ကို လိုက်​ပြီး ​ပြေး​နေတယ်

Chanyeol အ​ပေါ်က​နေ ငုတ်​တုတ်​​လေး ထိုင်​ကြည့်​​နေတယ်

Byun​လေးဟာ သူချုပ်​​ပေးထား​သော ပန်းနု​ရောင်​ ဝတ်​ရုံ​လေးကိုခြုံပြီး သူစိုက်​​ပေးထား​သော ပန်း​တော​လေးထဲမှာ လှပစွာ ​ပျော်​မြူး​နေတယ်

နေ​ရောင်​​အောက်​က သူ့ရဲ့ ​လောကငယ်​​လေးဟာ မနက်​ခင်းအစမှာတင်​ ကြည်​လင်​ဝင်းပ​နေမိတယ်

Byun​လေး​ ​ဆော့​နေတာကို သွားမ​နှောင့်​ယှက်​ဘဲ Chanyeol တိတ်​ဆိတ်​စွာ ထိုင်​ကြည့်​​နေမိတယ်

Sehun ကို​တော့ Suho မရှိတုန်း သူ ​လှောင်​အိမ်​ထဲ ထည့်​ပိတ်​ထားတယ်

"arrrrrrrrrrr"
"​အပြင်​ထွက်​မယ်​!!!!!"

အပြင်​ထွက်​ချင်​လို့ ​လှောင်​အိမ်​ထဲမှာ ဆူညံစွာ ​အော်​ဟစ်​​နေ​သော Oh Sehun~~~

××××××

Yixing Suho ကို လှမ်းကြည့်​လိုက်​မိတယ်

Suho Sehun ကို ​လှောင်​အိမ်​ထဲက ထုတ်​ပေးပြီး Byun​လေးနဲ့ ပန်းခင်းထဲမှာ ​ဆော့​နေတာကို ငုတ်​တုတ်​​လေး ထိုင်​ လှမ်းကြည့်​​နေတယ်

MyPetal {Season 1}Where stories live. Discover now