Part-23

10.1K 1.4K 55
                                    


ည​မှောင်​လာ​တော့ ဂူတစ်​ဂူထဲမှာ သူတို့ ခိုကြတယ်

Chanyeol သစ်​ရွက်​​ခြောက်​​တွေ သစ်​ကိုင်​​ခြောက်​​တွေ ယူလာပြီး ​ကျောက်​တုံးခတ်​ကာ မီး​မွှေး​နေတယ်

ကုန်းကုန်း ကွကွနဲ့ မီး​တောက်​​အောင်​ ​လေမှုတ်​​နေ​သော အ​ဝေးက Chanyeol ကို Baekhyun ငုတ်​တုတ်​​ထိုင်​ကာ လှမ်းကြည့်​​နေတယ်

Baekhyun က ကိုယ်​တုံး​လုံး​လေးမို့ ​ခွေ​ခွေ​လေး ​ထောင့်​မှာ ကပ်​​နေတယ်

Chanyeol လှမ်းကြည့်​လိုက်​မိတယ်

မီးခိုး​တွေ ဟပ်​ပြီး ​ပွေပွ​နေ​သော မျက်​နှာနဲ့ Chanyeol---

Byun​​လေးက သူ့ကို မျက်​လုံး​လေး ဝိုင်းပြီး လှမ်းကြည့်​​နေတယ်

Byun​လေးဟာ ချမ်းလို့ ထင်​တယ်
သူ့ခန္ဓာကို​ယ်​ ​သေး​သေး​လေးကို ​ကွေးပြီး ထိုင်​​နေတယ်

Chanyeol ငြိမ်​​နေမိတယ်

သူ ဘယ်​လိုလုပ်​​ပေးရမလဲ မသိ​တော့ဘူး

အရင်​တုန်းက Byun​လေးဟာ ​သေး​သေး​လေးမို့ သူ့ရင်​ခွင်​ထဲ ဖက်​ထား​ပေးလိုက်​ရင်​ အဆင်​​ပြေသွား​ပေမယ့်​ ဒီ Byun​လေးက အကြီးကြီး ဖြစ်​​နေတယ်

Chanyeol ကိုယ်​​ပေါ်က ရှိသမျှဟာလည်း ​ရေ​တွေရွှဲ​နေလို့ မီးကင်​ထားရတယ်

Chanyeol ခန္ဓာကိုယ်​မှာ အဝတ်​ဖြူ​လေးသာ လုံရုံသာ ခပ်​ရှည်​ရှည်​​လေး ပတ်​ထားတယ်

Byun​လေးက​တော့ ဘာမှမရှိဘူး
ကိုယ်​တုံးလုံး​လေး မီးပုံနား​ရွေ့လာတယ်

Chanyeol အပြင်​​ပြေးထွက်​သွားပြီး မြက်​​တွေ နုတ်​လိုက်​တယ်

နှင်း​ရေစို​နေ​သော မြတ်​​တွေ ​​ခြောက်​​အောင်​ Chanyeol ကင်​လိုက်​တယ်

အပြင်​​ပြေးထွက်​လိုက်​ မြတ်​​တွေ ထပ်​နုတ်​လာလိုက်

အမြစ်​​တွေ​ရော ​မြေကြီး​တွေ ​ရော​ထွေးပြီး အကုန်​စုထားတယ်

မီးပုံ​ပေါ်က တန်း​စင်​​လေး​ပေါ်မှာ သူ့အဝတ်​​တွေနဲ့ အတူ မြတ်​​တွေကို ဖြန့်​ပြီး မီးကင်​လိုက်

MyPetal {Season 1}Where stories live. Discover now