Part-25

12K 1.7K 80
                                    

Chanyeol အိပ်​ယာ​​ဘေး ထိုင်​ကာ Byun​လေးကို ကြည့်​​နေမိတယ်

ဖြူစင်​​သော မျက်​နှာ​လေးနှင့်​ ဖြူစင်​​သော လက်​​ချောင်း​လေး​တွေ

Chanyeol Byun​လေး လက်​က​လေး​တွေကို ​စောင်​​အောက်​က​နေ ဆွဲယူပြီး ကိုင်​ကြည့်​လိုက်​မိတယ်

သူ့လက်​ဖဝါးကြီး​ပေါ်က ချစ်​စရာ​ကောင်း​သော လက်​​သေး​သေး​လေး​တွေဟာ အရင်​က သူဆုပ်​ကိုင်​လိုက်​ချိန်​မှာ သူလက်​ထဲမှာ ​ပျောက်​ကွယ်​သွားတယ်

Monsterကြီးရဲ့ လက်​​ဖဝါးကြီးထဲ နစ်​ဝင်​သွား​သော လက်​နုနု​လေးနှစ်​ဖက်​ဟာ အခုဆို ​အရင်​လို ပိစိ​လေးမဟုတ်​​တော့ဘူး

လုံလုံ​လောက်​​လောက်​ ဆုပ်​ကိုင်​လို့ရပြီ ဖြစ်​​သော ​ဖော့ဖ​ယောင်းလို လက်​က​လေး ဖြစ်​​နေပြီ

Chanyeol Byun​လေးရဲ့ လက်​က​လေးကို ကိုင်​ကြည့်​​နေတုန်း Byun​လေးဟာ နိုးလာတယ်

Chanyeol Byun​လေးကို ကြည့်​လိုက်​မိ​တော့ Byun​လေးဟာ သူ့ကို အိပ်​ယာထဲက​နေ လှမ်းကြည့်​​နေတယ်

Chanyeol ကိုင်​ထား​သော သူ့လက်​က​လေးကို ဆန့်​ပြီး မျက်​လုံး​လေး ​ပေကလပ်​ ​ပေကလပ်​ လုပ်​​နေတယ်

Monster Park ၏ အိပ်​ယာ အကြီးကြီး​ပေါ်က လူ​သေး​သေး​လေး

Byun​လေးဟာ Chanyeol လက်​​ချောင်း​​​တွေကို သ​ဘောကျစွာ ကိုင်​​ကြည့်​​နေတယ်

သူ့ရဲ့ လက်​​သေး​သေး​လေး​တွေနဲ့ Chanyeol လက်​ကို ကစားစရာ တစ်​ခုလို အိပ်​ယာ​ပေါ်က​နေ ပြန်​ပြီး ဆုပ်​နယ်​​နေတယ်

Chanyeol Byun​လေး မျက်​နှာငယ်​​လေးကို ကြည့်​​နေမိတယ်

သူ့လက်​က​လေးကို Chanyeol လက်​​လေးနဲ့ တိုင်းကြည့်​လိုက်​--

Chanyeol လက်​​ချောင်း​လေး​တွေကြား သူ့လက်​​ချောင်း​ပျော့​ပျော့​လေး​တွေကို တစ်​ခုစီထည့်​ပြီး ဆုပ်​ကြည့်​လိုက်​--

စိတ်​ဝင်​စားစရာ အရာတစ်​ခုလို သူ့ရဲ့ မျက်​လုံး​လေး​တွေနဲ့ ကြည့်​ရင်း အိပ်​ယာက မထဘဲ သ​ဘောကျ​နေတယ်

MyPetal {Season 1}Where stories live. Discover now