part-28

11.1K 1.5K 121
                                    


ဆောင်းဟာ ​အေးသထက်​ ​အေးလာပြီ

Xiuxiuေ​လး ​ရောက်​လာသည့်​အတွက်​ နှင်း​တွေ အချိန်​အ​တော်​ကြာ ကျ​နေဦးမှာ ​သေချာတယ်

Suho ကုတင်​​လေး​ဘေးမှာ ထိုင်​ပြီး ပြတင်း​ပေါက်​က​နေ အပြင်​ကို ကြည့်​​နေတယ်

မှန်​နံရံ အပြင်​က နှင်းဖြူဖြူ​တွေကြား​ ​ပြေးလွှား​နေ​သော Kris နဲ့ Tao

သူတို့နှစ်​​ယောက်​ဟာ ​တော်​​တော်​လည်း ​ဆော့နိုင်​သူ​တွေဆိုတာထက်​ Kris ဟာ သူ့က​လေးနဲ့ ပိုပြီး လိုက်​​လျောနိုင်​တယ်

ပင်​ကိုစိတ်​က ဒီလို ကြွရွပြီး ​ပျော်​​ပျော်​ပါးပါး ​နေ​ထိုင်​တတ်​တဲ့ပုံ

အခုလည်း နှင်း​တောထဲမှာ မြင်းစီးလိုက်​ ​လျှောက်​​ပြေးလိုက်​ ဗိုက်​ဆာရင်​ အထဲ ပြန်​လာလိုက်

Suho Yixing ကို လှည့်​ကြည့်​လိုက်​တယ်

Yixing ဟာ သူ့​ဘေးက ​မွေ့ရာကြီး​ပေါ်မှာ အိပ်​​နေတယ်

"ငါတို့​ရော~~ ဒီလိုမျိုး ​ဆော့ခဲ့ဖူးတာလား"

Suho အိပ်​​ပျော်​​နေ​သော သူ့ကို ပိုင်​ဆို​င်​ပါသည်​ ဆိုသည့် Monster ကို ကြည့်​​နေမိတယ်

ပြေပြစ်​​သော မျက်​နှာပြင်​နှင့်​ သန်​မာ​သော လက်​​ချောင်း​တွေ သူမှာရှိတယ်

လျင်​မြန်​လွန်း​သော ​ခြေ​ထောက်​​တွေနဲ့ မျက်​ခုံးထူထူ​တွေလည်း ရှိပြီး သူ့ရဲ့ အသားအ​ရေဟာ ​တောက်​ပ​နေတယ်

Monster ​တွေဟာ အချိန်​ကြာလာတာနဲ့ အမျှ ရင့်​ကျက်​တာလည်း မြန်​လာသလို ထပ်​တူကျစွာ နူးညံ့တဲ့ အသွင်​ကို ​ပြောင်းလဲ​လာတယ်

Petal ​မွေးခြင်းဖြင့်​ ကြမ်းကြုတ်​​သော ​နေထိုင်​မှုကို ​လျော့ချခြင်းက ရုပ်​ပိုင်းဆိုင်​ရာကိုပါ တိုးတတ်​လာ​စေတယ်

ပုံမှန်​အားဖြင့်​ သူတို့ လက်​ဖဝါးပြင်​ကို ကိုင်​ကြည့်​ရင်​ သိနိုင်​တယ်

သက်​တမ်းငယ်​တဲ့ သူ​တွေဟာ ပိုပြီး ကြမ်းကြမ်းတမ်းတမ်း လက်​ဖဝါးပြင်​ကို ပိုင်​ဆို​င်​ကြတယ်

MyPetal {Season 1}Where stories live. Discover now