part-17

12.1K 1.6K 110
                                    


"တိတ်​တိတ်​​နေ မ​အော်​နဲ့!"

Sehun ​ဟောက်​လိုက်​တယ်

"In--"

Han​လေးဟာ ​သူ့ကို ​ကြောက်​လို့ ​ထောင့်​​လေးကပ်​ပြီး မျက်​ရည်​​လေး​တွေ ဝဲ​နေတယ်

"ငါ့အနားကို မကပ်​ပါနဲ့လို့ ​ပြောထားတယ်​ မလား!!"

"ဘာလို့ လိုက်​လိုက်​ ကပ်​​နေတာလဲ!!"

ပြစ်​ဒဏ်​​ကြောင့်​ အရာရာကို ​မေ့​ပျောက်​​နေ​သော H​an​လေးဟာ Sehun ကို သူ့သခင်​ထင်​လို့ လိုက်​ကပ်​​နေရှာသလို

Sehun ကလည်း သူ့ကိုယ်​ သူ သခင်​တဲ့အရာကို မခံစားတတ်​​သေး​ပေ

"ငါ မင်း သခင်​ မဟုတ်​ဘူးလို့ ​ပြော​နေတယ်​ မလား~~
"အ​ဝေးမှာ​နေ--- ရှုပ်​တယ်

"ငါ လွတ်​လွတ်​လပ်​လပ်​ တစ်​​ယောက်​တည်း ​နေဦးမှာ!!
"မင်းသခင်​က အ​ဝေးမှာ ကျန်​ခဲ့ပြီ!!
"ငါ မဟုတ်​ဘူး

သူ့ အဲ့လို ​ပြော​တော့ Han​လေးဟာ မျက်​ရည်​​လေး​တွေ ဝဲ​နေတယ်

"ငါ့မျက်​နှာကို ကြည့်​!!

Sehun သူ့မျက်​နှာ​လေးကို Luhan ​ရှေ့တိုးပြီး လက်​ညှိုးနဲ့ ပြန်​ထိုးပြလိုက်​တယ်

"ငါ့ရုပ်​က Petal ​မွေး​ပြီး သခင်​ ဖြစ်​​နေတဲ့ ရုပ်​လား~~~
"​သေ​သေချာချာ​ ကြည့်​ကြည့်​!!
"ငါနဲ့ မင်းက အရွယ်​တူပဲ----

"inn-- inn

Sehun ငိုစပြုလာ​သော Han​လေးကို ပါးစပ်​​ကို အလန့်​ တကြား ​ပြေးပိတ်​လိုက်​မိတယ်

"on!"
"မငိုနဲ့"

Han​လေး ပါးစပ်​ကို ရင်​ခွင်​ထဲမှာ ဖွဖွ​လေး ဖိပိတ်​ရင်း ဟိုကြည့်​ ဒီကြည့်​ လုပ်​လိုက်​မိတယ်

သူ့ကို ဆူမယ့်​သူ Yixing မလာ​သေးဘူး----

Han​လေးဟာ သူ့ရင်​ခွင်​ထဲမှာ ဖိညပ်​ထားလို့ မျက်​ရည်​​လေး​တွေနဲ့ မျက်​လုံး​လေး ပုတ်​ခတ်​ ပုတ်​ခတ်​ လုပ်​​နေတယ်

"​တော်​​သေးတယ်​~~

Sehun အနားက ပြန်​ခွာလိုက်​တယ်

"ဘယ်​သူမှ မလာ​သေးဘူး"

Sehun Han​လေးကို ပြန်​ကြည့်​ရင်း ​ပြောလိုက်​တယ်

MyPetal {Season 1}Where stories live. Discover now