part-12

13K 1.5K 129
                                    

Sehun အဖြူ​ရောင်​ ဝတ်​ရုံ​လေးနဲ့ နှင်း​တောထဲတိုးကာ ပုန်းလိုက်​တယ်

အ​ဝေးမှာ Byun​လေးကို ချီပြီး နှင်း​တွေနဲ့ ​ပျော်​​နေ​သော Monster ကြီး

နှင်း​တွေကို လုံးကာ Chanyeol ကို လှမ်းပစ်​လိုက်​တယ်

ဖောင်း ဆို ကွဲ​ကြေသွား​သော နှင်းခဲ----

Sehun အသာ​လေး နှင်း​တွေကြားထဲ ပြားပြားဝပ်​လိုက်​တယ်

Chanyeol က​လေးချီပြီး ဟိုကြည့်​ ဒီကြည့်​ လုပ်​​နေတယ်

Chanyeol ဘယ်​သူမှ မ​တွေ့လို့ ပက်​လက်​ပြန်​လှန်​ပြီး Byun​လေးကို ပြန်​မြူလိုက်​တယ်

Byun​လေးက သူ့ဗိုက်​​ပေါ်မှာ ​ခြေကားယား​လေး လက်​ကားယား​လေး ထိုင်​​နေတယ်

အ​နွေးထည်​​ နီနီ​နဲ့ ​ယုန်​နားရွက်​​လေးပါ​သော သိုး​မွှေး ​ခေါင်းစွပ်​​လေး​ဆောင်းကာ နှင်း​တွေကို အားရပါးရ ကိုင်​​ပြီး Chanyeol ရင်​ဘက်​​ပေါ် တင်​​နေတယ်

ဘေးမှာလည်း မုန်​လာဥနီ နှာ​ခေါင်းနဲ့ Chanyeol နှင်း​တွေ တူးပြီး လုပ်​​ပေးထား​သော နှင်းလူရုပ်​ကြီး---

Chanyeol က​လေးနဲ့ နှင်း​တောထဲ ​ပျော်​​နေတုန်း
ရုတ်​တရက်​ မျက်​နှာ​ပေါ် ပြုတ်​ကျလာ​သော နှင်းလုံးကြီး!!!

"ဖုန်းးးး!!!"

Chanyeol အူးယား ဖားယား ထထိုင်​လိုက်​မိတယ်

Chanyeol ​ကောင်းကင်​​ပေါ်​ ​ကြည့်​လိုက်​မိတယ်

ကြည်​လင်​ဝင်းပ​သော ​မိုး​ကောင်​ကင်​ပြာကြီး!!

နှင်းက ဘာလို့ သူ့မျက်​နှာ တည့်​တည့်​မှာပဲ ကျ​နေတာလဲ--

Chanyeol က​လေးချီပြီး ​နေရာ​ရွေ့လိုက်​တယ်

ပြီး​တော့ ပက်​လက်​​လေး ပြန်​လှန်​ပြီး Byun​လေးကို သူ့ ဗိုက်​​ပေါ်တင်​ထား လိုက်​တယ်

Byun​လေးဟာ သူ့ဗိုက်​​ပေါ်မှာ ​ကားယား​လေး ပြန်​​မှောက်​ပြီး ​အေးစက်​​နေ​သော နှင်း​တွေကို ​လှမ်းကိုင်​​နေတယ်

ကိတ်​မုန်​တုံး​လေး​ပေါ်က အနီ​ရောင်​ စ​တော်​ဘယ်​ရီသီး​လေးလိုပင်​~~ Byun​လေးဟာ နှင်း​လေးနဲ့ ချစ်​ဖို့​ကောင်း​နေတယ်

MyPetal {Season 1}Where stories live. Discover now