part-9

11.8K 1.5K 53
                                    

Suho Byun​လေးကို ရင်​ခွင်​ထဲ ထည့်​ပြီး ​ခေါ်ကာ လူ​တွေရှိတဲ့ ​နေရာကို ပို့ဖို့ လုပ်​​ဆောင်​လိုက်​တယ်

သူမြင်း​ပေါ်တတ်​ပြီး ထွက်​ခွာလာချိန်​ ငို​ကြွေး​နေ​သော Chanyeol ကို သူမြင်​​ခဲ့ရတယ်

ထူးထူးခြားခြား တစ်​ခါမှ ငိုခဲ့ဖူးခြင်း မရှိ​သော Monster ​ကောင်​ကြီးး

တိတ်​ဆိတ်​စွာ Byun​လေးကို ရင်​ခွင်​ထဲဖက်​ပြီး အချိန်​အကြာကြီး ​မှေးမှိုင်​​နေခဲ့တယ်

Suho စိတ်​မ​ကောင်း ဖြစ်​မိ​ပေမယ့်​ ​နောက်​ကျရင်​ သူအဆင်​​ပြေသွားမှာပါ

Byun​လေးဟာ ငိုခဲ့ရလို့ အခု​တော့ သူ့ရင်​ခွင်​ထဲမှာ ​မောလို့ အိပ်​​ပျော်​သွားပြီ

Suho လှုပ်​လှုပ်​ လှုပ်​လှုပ်​နဲ့ နှင်း​တွေကြားထဲ ထွက်​လာရင်း ပိုမို​အေးစိမ့်​မှုကို ခံစားလာရတယ်

Suho Byun​လေးကို သူ့ရင်​ဘက်​ထဲမှာ ပိုပြီး ​နွေး​ထွေး​အောင်​ ဝတ်​ရုံနဲ့ ပက်​လိုက်​တယ်

Suho ​တစ်​​နေရာ​ရောက်​​တော့ မြင်းကို ရပ်​လိုက်​တယ်
သူ့​ရှေ့မှာ စိမ်းစို ပိတ်​​မှောင်​​နေ​သော ​ထင်​ရှုး ​တောအုပ်​ကြီး

Suho ရပ်​ကြည့်​​နေမိတယ်
လေပြင်းတို့ဟာလည်း တစ်​ဖြည်းဖြည်း ​အေးစိမ့်​လာသလို နှင်းဖက်​​တွေ​တောင်​ ပါလာတယ်

Suho သူခါးမှာ ချည်​ထားတဲ့ ဖန်​ပုလင်း​လေးကို ​ကောင်းကင်​​ပေါ် ​မြောက်​လိုက်​တယ်

ချက်​ချင်းဆိုသလို ​လောကတစ်​ခုလုံး ​ပျောက်​ကွယ်​သွားပြီး အ​လင်း​တွေနဲ့ ပြည့်​သွားတယ်

Suho မြင်း​ပေါ်က ဆင်းပြီး Byun​လေးကို ချီထားလိုက်​တယ်

နွေး​ထွေး​သော ​နေ​ရောင်​ခြည်​နှင့်​အတူ ​​ကောင်းကင်​က နတ်​သမီး​လေး ဆင်းလာတယ်

လှပ​သော ​ရွှေ​ရောင်​ လိပ်​ပြာ​လေးများ ဆင်းလာပြီး ပန်းရနံ့​လေးများနှင့်​ ​တောက်​ပ​သော သက်​တန့်​ အလင်းတန်း​လေး​တွေ

Suho မတ်​တပ်​​​လေးရပ်​ပြီး ​မော့ကြည့်​​နေမိတယ်

နတ်​သမီး​လေးဟာ သူ့အထက်​ ​လေထဲမှာ ရပ်​တန့်​ပြီး သူ့ကို ပြုံးပြ​နေတယ်

MyPetal {Season 1}Where stories live. Discover now