Part-10

12.1K 1.5K 46
                                    

Yixing ခြုံထဲတိုးလာတယ်

Suho အ​နောက်​က​နေ Byun​လေးကို ပိုက်​ပြီး လိုက်​လာတယ်

Yixing Byun​လေးကို ငိုမှာ စိုးလို့ ပါးစပ်​ထဲ သကြားလုံး​လေး ငုံခိုင်းထားတယ်

ပြီး​တော့ သူ့တို့ နှစ်​​ယောက်​ ငြိမ်​​နေကြတယ်

Kris ဟာ လည်​ပင်းမှာ ​သွေး​တွေနဲ့ ကုပ်​ခြစ်​ထား​သော ခန္ဓာကိုယ်​ကို မြင်​​အောင်​လုပ်​ကာ သူ့ Petal ​လေး ချီပြီး တံတားရှိရာကို တိုးသွားတယ်

တံတား​လေးဟာ ​ပေါ်လာပြီး ​ကမ်းပါးနှစ်​ဖက်​ကို ချက်​ချင်း ဆက်​သွားတယ်

Kris Tao ​လေးကို လက်​မှာ ကြိုးချည်​ပြီး တံတားနားမှာ ချထားလိုက်​တယ်

နောက်​​တော့ အရာအာလုံး မှုန်​မှိုင်းသွားပြီး မြူ​တွေခိုးလာတယ်

Tao ​ရှေ့မှာ ​တစ်​လက်​လက်​​တောက်​ပ​နေ​သော မီးလုံး​လေး တစ်​လုံး​ပေါ်လာပြီး Tao ဟာ ထိုမီးလုံး​လေးကို ကြည့်​ရင်း တံတား​ပေါ်တတ်​သွားတယ်

လှုပ်​လှုပ်​ လှုပ်​လှုပ်​ နဲ့ က​လေးမြူသလို မြူပြီး လမ်းပြ​ခေါ်သွား​သော အဝါ​ရောင်​ မီး​လုံးငယ်

Suho လှမ်းကြည့်​​နေမိတယ်

Tao ဟာ အရွယ်​​သေး​သေး​လေးက​နေ တဖြည်းဖြည်း ပုံစံ​ပြောင်းလာတယ်

တံတား​ပေါ် လမ်း​လျှောက်​​နေရင်​ လူတို့ ​နေရာနဲ့ နီးလာသည်​နှင့်​အမှ ခန္ဓာကိုယ်​ အရွယ်​အစားဟာ တဖြည်းဖြည်း သူ့ရှိရင်းစွဲ အသက်​အတိုင်း ​ပေါ်လာတယ်

ဒါ​ပေမယ့်​ စိတ်​တို့ဟာ မ​ပြောင်း​သေးဘူး ထင်​တယ်

Tao ဟာ သူ့လက်​တံရှည်​ရှည်​​လေး​တွေနဲ့ မီးလုံး​လေးကို ခုန်​ပြီး ဖမ်း​နေတယ်

လူ့​​တွေ​နေတဲ့ နယ်​​မြေမ​ရောက်​​သေးလို့ စိတ်​ပိုင်းဆိုင်​ရာ မကြီးထွားလာ​သေး​သော လူငယ်​တစ်​​ယောက်​ဖြစ်​​နေတယ်

က​လေးစိတ်​မကုန်​​သေး​သော အရွယ်​​ရောက်​လူသား​လေးအတိုင်း မသဲကွဲ​သော မြူ​တွေကြားမှာ ​မီးလုံး​လေးကို ဖမ်းဖို့ကြိုးစား​နေတယ်

MyPetal {Season 1}Where stories live. Discover now