Part-19

12.7K 1.8K 156
                                    


Yixing Piano ခုံကို ပိတ်​လိုက်​တယ်

Chanyeol ရဲ့ အညို​ရောင်​ Piano ကြီးနှင့်​အတူ အခန်းကြည့်​ နံရံမှာ ချိတ်​ထား​သော ကျွန်းသား ဂီတာ အရွယ်​ဆုံး​လေး​တွေဟာ ​ပြောင်​​ပြောင်​လက်​လက်​နှင့်​ လှပ​နေတယ်

ရတနာ​တွေနဲ့ အလှဆင်​ထား​သော ဂီတခန်းမကြီးဟာ ​ကျောက်​မြတ်​​တွေ​နဲ့အတူ ​ရွှေ​ရောင်​​တောက်​ပ​နေတယ်

Yixing ထိုင်​ခုံက ထလိုက်​ရင်း မနက်​စာအတွက်​​ ​အောက်​ပြန်​ဆင်းလာတယ်

Yixing ထမင်းစားခန်းထဲ ဝင်​တာနဲ့ အ​ဝေးက ငိုသံကြားရတယ်

တစ်​​နေ့ တစ်​​နေ့ အချိန်​တိုင်း Byun​လေး​ကြောင့်​ ဆူဆူ ညံ​နေ​သော Chanyeol ရဲ့ အိမ်​​တော်​ ရဲတိုက်​ကြီး

Byun​လေးဟာ သူလုပ်​ချင်​တာ မလုပ်​ရရင်​ အိမ်​​တော်​ကြီး တစ်​ခုလုံး ပွင့်​ထွက်​​လောက်​​အောင်​ ​အော်​ငိုနိုင်​စွမ်းရှိတယ်

Chanyeol က သည်းသည်းလှုပ်​​တော့ သူ​လေးက ဘယ်​သူမှ မ​ကြောက်​ဘူး

အိမ်​မှာ အ​သေးဆုံးနဲ့ အကြီး​တွေကို ဗိုလ်​​လေးလုပ်​​နေတယ်

ထုံးစံအတိုင်း ထမင်းစားခန်း​လေးဟာ ​စော​စောစီးစီး ကြွပ်​ကြွပ်​ညံ​နေတယ်

နောက်​ကျ​တော့ Suho က Han​လေး ပါးစပ်​ထဲကို သကြားလုံးလို အရသာရှိတဲ့ ဝါးမကုန်​တဲ့ ခပ်​​ပျော့​ပျော့ အရာ​လေး ထည့်​​ပေးထားတယ်

အရသာ​လေးက ချို​တော့ Han​လေးဟာ သ​ဘောကျစွာ တစ်​မြုံ့မြုံ့ ဝါး​နေတယ်

ဆူညံ​နေ​သော ​လောင်​ချာဗုန်း​လေး ပြန်​ပြီးငြိမ်​သွားတယ်

ထိုအချိန်​က စပြီး Byun​လေးဟာ Han နဲ့တည့်​​နေတတ်​တယ်

သူ့မှာရှိတာ​တွေလည်း မျှ​ပေးပြီး အတူ​ဆော့တတ်​လာတယ်

Chanyeol က Han​လေး ချစ်​လို့ ချီရင်​ ​အော်​ငိုတတ်​တာ​လေးက​တော့ ​ဖျောက်​မရတဲ့ အကျင့်​ဆိုး​လေးပါ

Byun​လေးဟာ Han​လေးရဲ့ မျက်​လုံး​လေး​တွေ နှုတ်​ခမ်း​လေး​တွေ မျက်​​တောင်​​လေး​တွေကို အချိန်​တိုင်း ကြည့်​​နေတတ်​တယ်

MyPetal {Season 1}Where stories live. Discover now