part-27

10.8K 1.5K 63
                                    


အရင်​က သူတစ်​​ယောက်​တည်း ဖြတ်​သန်း​နေကျ မနက်​ခင်းဟာ အခု​တော့ တခြားသူ​တွေ အများကြီးနဲ့ ကြွပ်​ကြွပ်​ညံ​နေတယ်

Kris နဲ့အတူပါ​သော Petal ​လေးဟာ Byun​လေးထက်​ နှစ်​ဆ​လောက်​ဆိုး​သော အ​ကောင်​​လေးဖြစ်​​နေတယ်

သူ့သခင်​လိုပဲ~~~
တစ်​စက်​မှ အငြိမ်​​နေဘူး~~~

Suho ကလည်း လတ်​လတ်​ဆတ်​ဆတ်​​ ​ခေါ်လာ​သော Petal-Monster ​လေးနဲ့ အလုပ်​ရှုပ်​​နေတယ်

Xiuxiu ​လေးဟာ ​နားလည်​တတ်​​သော ကြီး​ကောင်​ဝင်​​နေပြီမို့ Suho က တစ်​ခုချင်း သင်​​ပေး​နေတယ်

စကားလုံး​လေး​တွေနဲ့ ပန်းချီဆွဲခြင်းလို တခြားအလုပ်​​လေး​တွေ

စုတ်​​ဆေး​တွေနဲ့ ကြမ်းပြင်​​ပေါ်​ ​ပေပွ​နေ​သော Xiu ဟာ Han​လေးလိုလည်း အားငယ်​​နေခြင်း မရှိသလို Byun​လေးလိုလည်း မဆိုးဘူး

လူကြီး​လေးလိုပဲ ခိုင်းတာကို ထိုင်​ပြီး လုပ်​​နေတတ်​တယ်

Suho သင်​တဲ့ စကား​တွေကိုလည်း ရ​အောင်​လိုက်​​ပြော​လေ့ရှိတယ်

လူတိုင်းကို စိမ်း​မ​နေဘဲ ​တွေ့​နေကျသူ​တွေလို Chanyeol အိမ်​မှာ ​ပျော်​​နေတယ်

စားတဲ့​နေရာမှာလည်း သင်​စရာမလို
ရှိသမျှ အကုန်​ဆွဲစား​တတ်​တယ်

သူသခင်​က ဘယ်​လိုပုံစံလည်း မသိ​ပေမယ့်​ က​လေးကို သူမရှိဘဲ ​ကောင်း​ကောင်း ​နေတတ်​​အောင်​ ​သင်​ကြား​ပေးခဲ့သည့်​ပုံ

ဒါ​ပေမယ့်​ Xiu ဟာ ည​နေ ​နေဝင်​ချိန်​​လေး ​ရောက်​ရင်​ ပြတင်း​ပေါက်​​လေးမှာ ထိုင်​ပြီး ​မျှော်​​နေ​လေ့ရှိတယ်

ဒါ​ပေမယ့်​ Xiu ဟာ ည​နေ ​နေဝင်​ချိန်​​လေး ​ရောက်​ရင်​ ပြတင်း​ပေါက်​​လေးမှာ ထိုင်​ပြီး ​မျှော်​​နေ​လေ့ရှိတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
MyPetal {Season 1}Where stories live. Discover now