Part-16

11.7K 1.5K 74
                                    

Sehun Luhan ကို ငို​အောင်​လုပ်​လို့ အဆူခံထားရတာ​ကြောင့်​ ငြိမ်​​နေတယ်

Chanyeol Luhan​လေးကို ချီလိုက်​​တော့ Luhan​လေးဟာ ပါးစပ်​ထဲက သွား​လေး​တွေ ​ပေါ်​တဲ့အထိ ရီပြတယ်

"Luhan~~~~"

ထူးထူးခြားခြား မျက်​လုံးလှလှ​လေး​တွေပါ​သော Luhan ဟာ အရမ်းလည်း မငိုဘဲ လိမ္မာ​သော Petal ​လေးပင်

အရည်​ကြည်​​လေး​တွေ လဲ့​နေ​သော မျက်ဝန်းငယ်​​လေး​တွေနဲ့ သူနဲ့ အ​ဖော်​လုပ်​​ပေးမယ့်​ သူ့ကို ​စောင့်​​နေ​လေ့ရှိတယ်

Byun​လေးတုန်းက ခဏ ခဏ ​အော်​ငို​နေသ​လောက်​ Luhan ​လေးက ငြိမ်​​နေ​လေ့ရှိတယ်

အရမ်းလည်း မ​ဆော့ဘဲ ထားတဲ့​နေရာမှာ ထားသလိုသာ ငြိမ်​သက်​စွာ ထိုင်​​ပြီး လူလာမှာကို ​စောင့်​​နေတတ်​တယ်

အ​ဖော်​မင်​တတ်​​သော က​လေး​လေးပင်

Luhan ဟာ လူမ​ရွေးဘဲ သူ့ကို မြူ​ပေး​ရင်​ ​ပျော်​​နေတတ်​တယ်

အိမ်​ရဲ့ ဆည်းလည်း​လေးဆိုတာ ဒါမျိုး​လေး~~~

Chanyeol Luhan ​လေးကို မြူ​နေတာ မြင်​​တော့ Byun​လေး ​လှေကား​ပေါ်က ဆင်းလာတယ်

လက်​ရန်း တုတ်​တန်း​လေးကို ကိုင်​ပြီး ဖြည်းညင်းစွာ တစ်​ထစ်​ချင်း Byun​လေး ဆင်းလာတယ်

Chanyeol Luhan​လေးကို ချီပြီး ထိုင်​​နေရင်း လှမ်းကြည့်​လိုက်​မိတယ်

Byun​လေးဟာ သူ့အနား​ရောက်​လာတယ်

ပြီး​တော့ Luhan အကျီစ​လေးကို အတင်းဆွဲ​နေတယ်

"​inn ~~~inn

"Byun​လေး အဲ့လို မလုပ်​ရဘူး"

Chanyeol လှမ်း​ပြောလိုက်​မိတယ်

"Arr~~~ Arrrr!!"

သူ့ကို မချီဘဲ Luhan ကို ချီလို့ အတင်း ခုန်​ပေါက်​​နေ​သော Byun​လေး

"arrrrrrrrr~~~

"Byun​လေး~~~~~

Luhan အကျီ​လေးကို လက်​က​လေးနဲ့ အတင်းဆွဲထုတ်​​နေ​သော ငByun

"arrrrrrrrrrrr!!"

Luhan ဟာ သူ့ကို ​ကြောက်​လို့ Chanyeol လည်​ပင်း​လေးကို အတင်းဖက်​ထားတယ်

MyPetal {Season 1}Where stories live. Discover now