Part-26

10.7K 1.4K 67
                                    


Chanyeol က သူ့ကို နာမည်​​ပြောပြကာ ​နောက်​​တော့ သူစားဖို့ အသားတွဲ​တွေ သွားယူ​တယ်

Kris ​အောက်​မှာ ထိုင်​ပြီး ​စောင့်​​နေတယ်

Kris သူ့က​လေးကို ​ကျောပိုးကာ ဟိုကြည့်​ ဒီကြည့်​လုပ်​​နေမိတယ်

ရဲတိုက်​ကြီးဟာ သူ့ရဲ့ ရဲတိုက်​ကြီးလိုပဲ
အရမ်း ခန်းနားလွန်းပါတယ်

Kris Chanyeol မရှိတုန်း အကုန်​လိုက်​ကြည့်​ရင်း သူ့က​လေးအိပ်​ဖို့ ​လှောင်​အိမ်​ ရှာလိုက်​တယ်

Kris Tao ​လေးကို ​ကျော​ပေါ်တင်​ပြီး ​လှေကား​ကြီး​ပေါ်တတ်​လာတယ်

ကနုတ်​ပွင့်​​တွေပါ​သော နက်​​ပြာ​ရောင်​ ကတ္တီပါလိုက်​ကာစ​တွေ ကို သူမြင်​လိုက်​တယ်

Kris လှမ်းကြည့်​လိုက်​​ရင်း အနားကပ်​လာ​တော့မှ ဖန်​အိမ်​​လေးမှန်း သိလိုက်​ရတယ်

Kris ဖွင့်​ကြည့်​လိုက်​တယ်

လိုက်​ကာစ အ​နောက်​မှာ ​ရွှေ​တွေ အများကြီးသုံးထားပြီး တခြား ရတနာ​တွေနဲ့လည်း အခန်းကြီးကို အလှဆင်​ထားတယ်

ကျား​ရေ​တွေလည်း ကြမ်းပြင်​အပြည့်​ ခင်းထားတယ်
Kris အခန်းထဲ​ ဝင်​လာတယ်

Chanyeol က သူ့ရဲ့ Petal​လေးကို အလှ​မွေးထားတယ်​ဆိုတဲ့ အတိုင်း နုနုရွရွ​လေး​တွေ ဆင်​​ပေးထားတယ်

Petal ​လေးအတွက်​ ပန်းနု​ရောင်​ အပြာ​ရောင်​ အဝါ​ရောင်​ အကျီ​လေး​တွေ တန်းစီချိတ်​ထားသလို ဝတ်​ရုံ​လေး​တွေလည်း နံရံမှာ ချိတ်​က​လေးနဲ့ တန်းစီ​နေတယ်

ညဝတ်​အကျီကိုလည်း အဖြူ​ရောင်​ ပိုးသား ပွပွ​လေး ဆင်​​ပေးထားတယ်

အပြာ​ရောင်​ အနီ​ရောင်​ ​ကျောက်​မြတ်​ရတနာ​တွေနဲ့ Petal ပစ္စည်း​လေး​တွေလည်း သပ်​သပ်​ရပ်​ရပ်​ စီ​ပေးထားတယ်

အရုပ်​က​လေး​တွေက​တော့ အများကြီးပါ
ပန်းအိုး​လေး​တွေလည်း လိုက်​ကာ အပြင်​က ဖန်​နံရံမှာ တန်းစီပြီး စိုက်​ထားတယ်

နံရံနဲ့ မျက်​နှာကျက်​မှာလည်း တိရစ္ဆာန်​ရုပ်​​လေး​နဲ့ ပန်းချီကား​တွေ ချိတ်​ဆွဲထားတယ်

MyPetal {Season 1}Where stories live. Discover now