part-33

9.3K 1.2K 177
                                    

ပင်​ပန်းနွမ်းနယ်​မှု​တွေကို ​ပျောက်​​စေ​သော ​ရေကန်​ကျယ်

ရေ​ငွေ့တို့နှင့်​ သိပ်​သည်း​သော သစ်​ပင်​အိုတို့ အုံ့ဆိုင်း​နေသည်​ ​မြေ​အောက်​ ​ရေ​နွေးကန်

ဒီ​ရေ အတတ်​ အကျအလိုက်​ အချိန်​တိုင်း သူ့ဟာ သူ​ရေလှယ်​​ပေး​နေသည့်​ Chanyeol ၏ သဘာ​ဝ ​ရေ​နွေးကန်​ကြီးး

Suho ​ရေချိုးဖို့ ဝတ်​ရုံကို တစ်​လွှာချင်း ခွာ​နေတယ်

ချမ်းစိမ့်​စိမ့်​ အရသာဟာ ​ရေထဲမ​ရောက်​ခင်​ တစ်​ဖြည်းဖြည်း တိုးဝင်​လာတယ်

"inn!!"

Suho ​ခါး​နောက်​က ကြိုးဟာ ထုံး​နေတယ်

ကြိုးကို လက်​ပြန်​ဖြည်​ရင်း ပက်​လည်​ရိုက်​​နေ​သော Suho--

"ii"

နေက်​​တော့ Suho အနားကို Yixing ​ရောက်​လာတယ်

"ငါ လုပ်​​ပေးမယ်​"

Suho ​မော့ကြည့်​လိုက်​ရင်း အ​နောက်​လှည့်​​ပေးလိုက်​တယ်

Suho ကိုယ်​က အဝတ်​စ​တွေနဲ့ ချည်​ထားတဲ့ ထုံး​နေတဲ့ ကြိုး​ကို Yixing က ဖြည်​​ပေး​နေတယ်

Suho အကျီချွတ်​ပြီး ​ရေချိုးဖို့ ကန်​ထဲဆင်းစိမ်​​နေလိုက်​တယ်

Yixing က ချွတ်​ထားတဲ့ Suho ရဲ့ အဝတ်​​တွေကို တစ်​စစီ လိုက်​​ကောက်​ပြီး သိမ်း​ပေး​နေတယ်

ယောက်ျားမာမာကြီး တန်​မဲ့ Suho အဝတ်​​တွေကို ကျကျနန ​ခေါက်​​ပေး​နေတယ်

Suho က ​ရေကန်​ထဲက​နေ ငုတ်​တုတ်​​လေး ထို​င်​ပြီး Yixing ကို လှမ်းကြည့်​​နေလိုက်​တယ်

Yixing က သူ့အကျီ​တွေပါ ချွတ်​ပြီး ​​ခေါက်​ကာ ​​ကျောက်​တုံး​ပေါ် တင်​ပြီး ​ရေထဲ ဆင်းလာတယ်

Yixing ​ရေ​နွေးတစ်​ချို့ကို ခန္ဓာကိုယ်​မှာ သုတ်​လိုက်​တယ်

Suho က ​ရေနက်​ပိုင်းကို ကူးသွားပြီး Yixing ကို ပြန်​ကြည့်​ကာ ​ရေ​တွေကို ဗွမ်းဗွမ်း ဗွမ်းနဲ့ ဆူ​အောင်​ လုပ်​​နေတယ်

စိုရွှဲ​နေ​သော ​ကန်​​ရေကြည်​တို့နဲ့ ​ပျော်​ရွှင်​စွာ ​တောက်​ပ​နေ​သော က​လေးမဟုတ်​ သူငယ်​မဟုတ်​ Petal ​လေး

MyPetal {Season 1}Where stories live. Discover now