Part-22

11K 1.6K 103
                                    


Sehun ည​နေ​ရောက်​​တော့ ညစာအတွက်​ Han​လေးကို ​ခေါ်ပြီး ​ဈေး​လျှောက်​ဝယ်​​နေတယ်

Hyung က ​ရွှေ​တွေ စိန်​​တွေ စုပြီး ဘာလုပ်​မှန်း မသိဘူး
သုံးလည်း မသုံးဘူး

သူ့ကိုလည်း ငယ်​ငယ်​တုန်းက ​ရွှေ​လှောင်​အိမ်​နဲ့ မထားဘူး

ကြီးရင်း အသုံးမဝင်​​တော့မှာမို့ဆိုပြီး ​ကြေး​လှောင်​အိမ်​နဲ့ ဖြစ်​သလို ထားတယ်

Sehun ကအခု Han​လေးကို ထားဖို့ ​ကြေး​လှောင်​အိမ်​ကို လွှင့်​ကာ ​မြေ​အောက်​ခန်းက ​ရွှေ​တွေယူပြီး အရည်​ကြိုကာ ​လှောင်​အိမ်​ လုပ်​ပစ်​လိုက်​တယ်

အခုအိမ်​ဆို Sehun လုပ်​ထားတဲ့ ​ရွှေ​လှောင်​အိမ်​ အ​သေး​လေးဟာ Suho ရဲတိုက်​ထဲမှာ လှပစွာ ဝင်းဝင်း​တောက်​​နေတယ်

နောက်​​တော့ ​ရွှေဒင်္ဂါးပြား​တွေ အထုပ်လိုက်​သယ်​ကာ Han​လေးနဲ့ အတူ Sehun မြို့ထဲ​လျှောက်​ပတ်​​နေတယ်

"Hyung က မသုံး​တော့ ငါသုံးရ​တာ​ပေါ့"

Sehun ​ရေရွတ်​လိုက်​ရင်း Han​လေးကို ​ခေါ်ကာ ​ဈေးထဲဝင်​လာတယ်

Sehun ဟာ Han​လေးကို ​ပျောက်​မှာစိုးလို့ သူ့လက်​နဲ့ Han​လေး လက်​ကို ကြိုးချည်​ထားတယ်

Han​လေးဟာ သံကြိုး​လေး တန်းလန်းနဲ့ ပန်း​ရောင်​ ဝတ်​ရုံ​လေး ခြုံကာ သူ့အ​နောက်​က လိုက်​လာတယ်

Sehun Han​လေး အတွက်​ ပစ္စည်း​တွေ အများကြီး ဝယ်​ကာ လှည်းနဲ့သယ်​လာတယ်

နှစ်​​ယောက်​သား ဝယ်​စရာ​တွေ ကုန်​​တော့မှ အိမ်​ပြန်​လာတယ်

Sehun ​တောထဲကို မသွားနိုင်​လို့ အသား​တွေပါ ဝယ်​လာပြီး Han​လေး စားလို့ရတဲ့ အရွက်​စိမ်းစိမ်း​တွေပါ သယ်​လာတယ်

Sehun ဟာ Han​လေး လက်​ထဲကို သခွားသီး​လေး ထည့်​​ပေးထားတယ်

Han​လေးက သခွားသီး​လေး ကိုက်​ရင်း မြင်း​ပေါ်က​နေ လိုက်​လာတယ်

SEHUN က​တော့ ထိုအရသာ မရှိ​သော သခွားသီးကို လှည့်​​တောင်​ မကြည့်​​ပေ

Sehun လှည်း​ပေါ် ပစ္စည်း​တွေ တင်​ပြီး Han​လေးကို ​ခေါ်ကာ မြင်းကို ဆွဲလာလိုက်​တယ်

MyPetal {Season 1}Where stories live. Discover now