part-31

11.5K 1.5K 78
                                    

ကြောက်​စရာ​ကောင်း​သော ညနက်​နက်​!!

တောတွင်း ​ခွေးအူသံများနှင့်​ ညံ​နေ​သော တစ်​​နေရာ

"ခွပ်​ ခွပ်​ ခွပ်​ ခွပ်​"

ပြန့်​လွင့်​လာ​သော မြင်းခွာသံ----

KyungSoo ရထားလုံး​ပေါ်က ဆင်းလိုက်​တယ်

ဝတ်​ရုံ တစ်​ကိုယ်​လုံး ပတ်​ထား​သော အနက်​​ရောင်​ လူပုံစံ---

သူ့မျက်​လုံး​လေးပဲ​ဖော်​ပြီး တံဆိပ်​ပြားပြကာ KyungSoo အထဲဝင်​လာတယ်

သံချွန်​​တွေ အထပ်​ထပ်​ဟာ ပွင့်​ဟသွားပြီး ​မြေကြီးထဲဝင်​သွားတယ်

KyungSoo အကျဉ်း​ထောင်​ နယ်​​မြေထဲဝင်​လာခဲ့တယ်

××××××

"ကျီ ကျီ ကျီ~~"

"ကျီ ကျီ ကျီ~~"

သံ​ချောင်း အချို့ကို တိုက်​ဖြတ်​​နေ​သော ခပ်​တိုးတိုး အသံ​လေး တစ်​ခု

Chen လက်​ထဲက ခပ်​ပြားပြား အရာတစ်​ခုနဲ့ ​ထောင်​ပြတင်း​ပေါက်​ တစ်​ခုကို တိုက်​စား​နေတယ်

ဟိုကြည့်​ ဒီကြည့်​နဲ့ ထုံးစံအတိုင်း အပြင်​ထွက်​​ပြေးဖို့ ကြံ​နေ​သော ခပ်​ဆိုးဆိုး Monster ​လေးး

Chen ဟာ ပြင်​ပ အကျဉ်း​ထောင်​က​နေ ခဏ ခဏ ထွက်​​ပြေး​လေ့ရှိတယ်

Yixing က ဖမ်းလိုက်​ သူက ​ပြေးလိုက်

အခု​တော့ သူ့ကို သံ​တောင်​ ​မြေ​အောက်​က အတွင်း အကျဉ်းခန်းထဲ ထည့်​ထားတယ်

လုံးဝမဖြစ်​နိုင်​​ပေမယ့်​ သူ​ပြေးဖို့ ထပ်​ကြိုးစား​နေတုန်းပဲ---

အားသွန်​ခွန်​စိုက်​ အရာမယွင်း​သေး​သော ​နေရာ​လေးကို လှီးဖြတ်​ရင်းး~~

ရုတ်​တရက်​!!

"​ဒေါက်​ ​ဒေါက်​"

Chen လှည့်​ကြည့်​လိုက်​တယ်

သူ့ အခန်းက သံလုံး​တွေတိုင်​​တွေ ​ရှေ့မှာ ရပ်​​နေ​သော လူတစ်​​ယောက်

အဝတ်​ပတ်​​ထား​ပေမယ့်​ သူ ဘယ်​သူဆိုတာ Chen သိသား

Chen ချက်​ချင်း အ​ပေါ် ပြတင်း​ပေါက်​ကို ​ဖောက်​​နေရာက ​ခုန်​ဆင်းလာတယ်

MyPetal {Season 1}Where stories live. Discover now