part-18

13.6K 1.8K 122
                                    

Byun​လေး ငို​နေ​ပေမယ့်​ Suho က သူ့ကို ကျား​ရေနဲ့ အပြင်​မှာ မအိပ်​ခိုင်းဘူး

အရမ်း​အေးတဲ့ ​ဆောင်းရာသီမို့ ငှက်​​မွှေးနဲ့ပဲ အိပ်​ရတယ်

ညဘက်​ အိ​ပ်​ခါနီး Suho ​ရောက်​လာ​ကာ Byun​လေး​ရော Han​လေး​ရော နှစ်​​ယောက်​လုံး ​​လှောင်​အိမ်​ထဲ ထည့်​ပိတ်​ထားလိုက်​တယ်

ကျား​ရေနဲ့ မအိပ်​ရလို့ Chanyeol ကို ဂျီတိုက်​​နေ​ပြီး ငို​နေ​တာ​ကြောင့်​ Suho က Chanyeol ကို အပြင်​ထုတ်​လိုက်​တယ်

အိပ်​ချင်​​နေတာကို မအိပ်​ဘဲ Chanyeol ကို နည်းနည်း​လောက်​ ဗိုလ်​ကျလိုက်​ရမှ ​ကျေနပ်​​!!

Byun​လေးဟာ အခုတစ်​​လော Chanyeol ကို ပိုပြီး ဂျီကျတတ်​လာပြီ

Suho လိုက်​ကာ​တွေ လိုက်​ပိတ်​ရင်း ပြုံးလိုက်​မိတယ်

သူ​လေး ​ရောက်​ခါစကထက်​ ပိုပြီး အရွယ်​​ရောက်​လာပြီဆိုတဲ့ သ​ဘော​ပေါ့

Byun​လေးဟာ သူလိုချင်​တာ​ ရှိရင်​ ဘယ်​လိုလုပ်​ရမလဲ ဆိုတာ အကုန်​သိ​နေပြီ

ဘယ်​သူ့ကို ကပ်​ရမလဲဆိုတာလည်း သူ​လေးနားလည်​​နေပြီ

Chanyeol ကို Petal ထိန်းခိုင်းလို့ Han​လေးကို အနိုင်​လိုက်​ကျင့်​​နေ​သော Byun​လေး

ပြီး​တော့ သူက အရင်​ ဦး​အောင်​ Chanyeol ကို ငိုပြတယ်

အသားစိမ်း​လေး​တွေလည်း နည်းနည်းစီ စားလာသလို ​သွေး​တွေလည်း ​သောက်တတ်​လာပြီ

ဒါ​ပေမယ့်​ နို့နဲ့​တော့ ​ရောတိုက်​​နေရဆဲပင်​~~~

အသားစိမ်း​တွေကို Byun​လေးရဲ့ သွား​လေး​တွေက မဝါးနိုင်​တဲ့အခါ Chanyeol က သူ့ပါးစပ်​ကြီးနဲ့ အရင်​ ဝါးပြီးမှ Byun​လေး ပါးစပ်​ထဲ ထည့်​​ပေးတယ်

အဲ့ကျရင်​ Suho က သူ့ဂုတ်​ပိုးကို ဖြတ်​ရိုက်​တယ်​!!

×××××

ဆူညံ​နေ​သောည​လေး ကုန်​ဆုံးပြီးး မနက်​​ရောက်​​လာတဲ့ အခါ Han​လေးနဲ့ Byun​လေး ဟာ ​လှောင်​အိမ်​ထဲမှာ အတူတူ ငှက်​​မွှေးအသစ်​​လေး​တွေနဲ့ ဇိမ်​ကျ​နေတယ်

MyPetal {Season 1}Where stories live. Discover now