Part-24

10.4K 1.6K 50
                                    


"သူက Han​လေးကို မမြင်​ရဘူး ထင်​တယ်​"
"Sehun ဆီမှာ Han​လေးဆီက အနံ့ရလို့ လိုက်​လာတာ ​နေမှာ"

Suho ကုတင်​​ပေါ်က Monster ဆိုသူ၏ လည်​ပင်းက ချုပ်​ရိုးကို ပြန်​ချုပ်​​ပေး​နေတယ်

ခုနက အချင်းချင်း သတ်​ဖြတ်​ကြရင်း ချုပ်​ရိုး​​ပြေသွားတာမို့ ​သွေး​တွေဟာ ဆက်​တိုက်​ထွက်​​ပြီး ​မေ့​မြော​​နေတယ်

အခုထိ သတိမရ​သေး----

Han​လေးကို စွန့်​ပစ်​ခဲ့ရတာ မကြာ​သေးဘူး ထင်​တယ်

ကျင့်​သားမရ​သေးဘဲ အချိန်​​တွေ အများကြီး ဆက်​တိုက်​လိုက်​​နေခဲ့ပြီး အဲ့ဒီဒဏ်​​တွေ​ကြောင့်​ အားအင်​လည်း ရှိတဲ့ပုံမ​ပေါ်

တစ်​ကိုယ်​လုံးလည်း ဒဏ်​ရာ​တွေပြည့်​​နေတယ်

Suho က ​ငှက်​​မွှေး​လေးမှာ ​ဆေးရည်​စွတ်​ပြီး စုတ်​တံ​လေးနဲ့ ပန်းချီဆွဲသလို လိုက်​သုတ်​​ပေး​နေတယ်

Chanyeol အပြင်​ထွက်​လာရင်း Sehun ရှိရာကို လှမ်းကြည့်​လိုက်​မိတယ်

Sehun ဟာ ထိုအချိန်​ကတည်းက Han​လေးကို မလွှတ်​​တော့​ပေ

Sehun ဟာ Han​လေးကို ဖက်​ပြီး အ​ဝေးမှာ ငြိမ်​​နေတယ်

စကားလည်း မ​ပြော​တော့ဘဲ တိတ်​ဆိတ်​​နေတယ်

Han​လေးကို ​ခေါ်သွား​​တော့မယ်​ဆိုတာ သူသိ​နေတယ်​ ထင်​တယ်

Chanyeol စိတ်​မ​ကောင်းစွာ လှမ်းကြည့်​​နေမိတယ်

Byun​လေးက အနား​ရောက်​လာပြီး သူ့လက်​က​လေး လာဆွဲတယ်

Sehun လှမ်းကြည့်​လိုက်​မိတယ်

အကျီဟပြဲ​လေးနှင့်​ Sehun အဝတ်​​တွေကို ဖြစ်​သလို ​ကောက်​စွပ်​​ပေးထား​သော Byun​လေး

Byun​လေးကို မြင်​ရတဲ့ ခံစားချက်​ဟာ အရင်​နဲ့ မတူဘူး ဖြစ်​​နေတယ်

သူ့အနားကို Byun​လေး မဟုတ်​ဘဲ အခြားတစ်​ဦး​ရောက်​​နေသလိုပဲ ထင်​​နေမိတယ်

ဒါ​ပေမယ့်​ သူ့ရဲ့ မျက်​လုံး​လေး​တွေက Byun​လေးရဲ့ပုံစံ အတိုင်း မ​ပြောင်းလဲသွားပါဘူး

MyPetal {Season 1}Where stories live. Discover now