O.B.B.B - 2

11K 864 12
                                    

(Zawgyi)

''Joonie hyung...'' 

လူကိုမြင်​တာနဲ့ရင်​ခွင်​ထဲ​ပြေးဝင်​လာ​သော ဆိုး​ပေ​လေး
မျက်​ဝန်းဝိုင်းဝိုင်း​လေး​တွေမှာ​တော့မျက်​ရည်​စတို့စိုစွတ်​​နေဆဲ။နီရဲ​နေ​သောနှာ​ခေါင်းလုံးလုံး​လေး​ကငိုထားမှန်းပိုသိသာ​စေသည်​။ပန်းနု​ရောင်​နှုတ်​ခမ်း​လေးထူထူ​လေးက​ ခါတိုင်းကဲ့သို့ပြုံးမ​နေနိုင်​​တော့...ငိုမဲ့မဲ့​လေးဖြစ်​နေရှာသည်​။

''Aigoo~~hyungရဲ့baby​လေး ဘာအမှား​တွေလုပ်​ထားလို့ရိုက်​ခံရတာလဲ..ဆိုး​နေပြန်​ပြီလား''

လက်​ထဲကပစ္စည်း​တွေ​ကြောင့်​ပြန်​မ​ထွေး​ပွေ့နိုင်​သည်​ကိုတွေ့​တော့ Min​လေးကလာသယ်​​ပေးရှာသည်။က​လေးငယ်​ကိုပြန်​လည်​​​ထွေး​ပွေ့ကာJin hyungထံတစ်​ချက်​လှမ်းကြည့်​မိ​တော့ ​ဒေါသမ​ပြေ​သေး​သောအကြည့်​စူးစူးနှင့်​အတူ...

''​အေး...ကြပ်​ကြပ်​သာအလိုလိုက်​ကြ..နည်းနည်း​လေး
ဆုံးမတာနဲ့ကို ​ဘေးက​နေ ကာဆီးကာဆီးနဲ့ဖြစ်​​နေကြလို့
ဒီက​လေးဒီ​လောက်​ဆိုး​နေတာ ​နောက်​ဆို အကျင့်​ပျက်​ပြီး
ရစရာ​တောင်​ရှိမှာမဟုတ်​ဘူး Jungkook မင်းကြပ်​ကြပ်​သတိထား ကျန်​တဲ့သူ​တွေကိုသာအဲ့လိုလုပ်​လို့ရမယ်​ ငါ့ကိုအဲ့အချိုး​တွေလာမချိုးနဲ့ ကြားလား''

''Hyungရယ်​..​တော်​ပါ​တော့ ကျွန်​​တော်​​နားဝင်​​အောင်​​ဆုံးမပါ့မယ်​...က​လေးကလူဆိုးလူမိုက်​ဖြစ်​​နေတာလဲမဟုတ်​ပဲနဲ့..လာ..က​လေး..အ​ပေါ်တက်​မယ်​''

ဧည့်​ခန်းထဲတွင်​​တော့Jin hyung၏ဆူပူကျိန်း​မောင်းသံ​တို့နှင့်​Min​လေး၏​ဖျောင်းဖျသံတချို့ကျန်​ရစ်​​နေ​ပေလိမ့်​မည်​။မည်​သည့်​ကိစ္စ​ကြောင့်​ခုလိုပြဿနာ​တွေတက်​မှန်းမသိ
သေး​သော်​လည်း ဆိုးဆိုးဝါးဝါးကိစ္စကြီးမဖြစ်​နိုင်​သည်​ကို
တော့သူယုံကြည်​ပါသည်​။ဟုတ်​သည်​​လေ...က​လေးငယ်
၏ အ​ပေါင်းအသင်းမှန်​သမျှကိုလည်းသူသိ​နေသည်​သူတို့တစ်​ခါတစ်​​လေ​သောက်​တဲ့ဆိုဂျူးအနံ့ကို​တောင်​မခံနိုင်​သူမို့​ဆေးလိပ်​ အရက်​​သောက်​ဖို့ဆိုတာ​ဝေလာ​ဝေး...​​တစ်​ခု..ဒီတစ်​ခုပဲဖြစ်​နိုင်​သည်​...ပညာ​ရေး..ပညာ​ရေးနှင့်​ပတ်​သက်​လျှင်​​တော့သူလည်းခွင့်​မလွှတ်​နိုင်​ပါ..ရင်​ထဲဆို့တက်​လာ​သောအပူလုံးနှင့်​အတူ ​အ​တွေးထဲ​ပေါ်လာသည်​က ​ချော့​မော​မေးရန်​သာ...

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now