O.B.B.B - 20

3.8K 351 27
                                    

(Zawgyi)

''​ဘယ်​လိုလဲ Kookie စားလို့​ကောင်းလား''

''အင်း...''

''ဒါနဲ့...ငါ့ကိုစိတ်​ဆိုး​နေ​သေးလား''.

''အင်း...နည်းနည်း... ​ပြောစမ်းပါဦး..ဘာလို့ငါ​ခေါ်တုန်းမလာတာလဲ ​ကောင်​မ​လေးရ​နေလို့ အချိုး​ပြောင်း​နေတာလား''

''ဟာ..မဟုတ်​တာ Kookieရာ အိမ်​မှာလူမရှိလို့ဟ Ommaတို့က အဖွားဆီသွားကြတာဆို​တော့ အိမ်​မှာ ငါနဲ့Hyungပဲကျန်​တာ''

Woojinရှင်းပြ​နေ​သော်​လည်း Jungkookက​တော့သိပ်​​ကျေနပ်​ပုံမရ

''​အေး​လေ..မင်းအစ်​ကိုရှိ​နေတာပဲဟာ အိမ်​ကိုဒီတိုင်းထားခဲ့​တော့ ဘာဖြစ်​မှာမို့လို့လဲ ''

''​ပြောတာ​လေးလည်း ဆုံး​အောင်​နား​ထောင်​ပါဦးကွာ ငါ့အစ်​ကိုဆိုတဲ့ဟာကအိမ်​ကပ်​တယ်​လို့များမှတ်​​နေလား သူ့​ကောင်​မနဲ့​လျှောက်​လည်​လို့​တောင်​အားရတာမဟုတ်​ဘူး ''

''မင်းက​ပြော​လေ Hyungကလည်းတစ်​ခါတစ်​​လေအိမ်​မှာ​နေပါဦးလားလို့​ပြော​ပေါ့ မင်းhyungကမင်းကိုအလိုလိုက်​တာပဲဟာ''

Jungkookieသည်​ က​လေးသာသာအ​တွေး​လောက်​​သာ​တွေးတတ်​သည်​လားမသိ။ သူလုပ်​ချင်​တာ လိုချင်​တာရှိလျှင်​ အ​ခြေအ​နေ​တွေအချိန်​အခါ​တွေ ဘာကိုမျှဂရုစိုက်​မည့်​ပုံမ​ပေါ်။

''မင်း မသိ​သေးပါဘူး Kookieရာ ညီအစ်​ကိုသံ​ယောဇဉ်​ဆိုတာမျိုးက မိန်းမတစ်​​ယောက်​နဲ့ယှဉ်​လိုက်​ရင်​ အလကားပဲ ​အေး..အဲ့မိန်းမနဲ့မ​တွေ့ခင်​ထိ​တော့ မင်းကိုဂရုစိုက်​ရင်​စိုက်​မယ်​ မိန်းမဆိုတာပါလာရင်​​တော့သိတယ်​မလား ဟိုကသူ့ချစ်​ရသူ​လောက်​ မင်းကိုဘယ်​ဦးစား​ပေး​နေပါ့ဦးမလဲ...ငါ့အစ်​ကိုများ အရင်​ကနဲ့ကွာပါ့ သူ့ဖုန်း​လေးကိုင်​ရင်​​တောင်​ မျက်​နှာက​ပြောင်း​နေတာ..ဟူး...''

''ငါ့hyung​တွေက​တော့ အဲ့လိုမဟုတ်​​လောက်​ဘူး မင်းhyungကသာ..''

''ဟိုးထားဆရာသမား...အကုန်​ဒီပုံစံလာမှာပဲ မင်း​ရောမင်း​ကောင်​မ​လေးရရင်​ အရင်​လိုအစ်​ကို​တွေနားကပ်​ပြီးချွဲ​နေဦးမလား မင်းအစ်​ကို​တွေက​ရော​ကောင်​မ​လေးရ​နေမှ​တော့မင်းကိုအကပ်​ခံပါ့ဦးမလား ကိုယ့်​ဟာကိုယ်​​တွေးစမ်းပါ ရင့်​ကျက်​သင့်​​နေပြီ''

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now