O.B.B.B - 30

7K 374 54
                                    

(Zawgyi)

(အရင်​အပိုင်းမှာထပ်​ဖြည့်​ထား​သေးတယ်​​နော်​)

''ထည့်​စားကြ ထည့်​စားကြ မင်းတို့Ommaက Kimchi Jjigae​တွေအများကြီးချက်​ထားတာ''

''Nae..Appa''

သူတို့၏ ညစာထမင်းဝိုင်း​လေးသည်​ ယ​နေ့တွင်​​တော့ လူသုံး​ယောက်​ပိုလာပြီဖြစ်​သည်​။ မထင်​မှတ်​ထားဘဲ​ရောက်​လာကြ၍ Appa​ရော Omma​ပါ ဝမ်းသာ​နေကြသည်​​လေ။

အထူးသဖြင့်​ Omma ၊ ထမင်းပင်​​ဖြောင့်​​​ဖြောင့်​မစားနိုင်​။ဟိုလူ့ပန်းကန်​ ဒီလူ့ပန်းကန်​ ဟင်း​တွေလိုက်​ထည့်​ပေးလိုက်၊ ​ဟင်း​တွေနည်းနည်း​လျော့တာနဲ့ ထဖြည့်​လိုက်​နှင့်​ အလုပ်​​တွေရှုပ်​​နေ​ပေသည်​။

''Kookie..ဒါ​လေးစားကြည့်​ ဒါ​ရော...အင့်​''

Tae Tae hyungက သူ့ပန်းကန်​ထဲ ဟင်း​တွေတစ်​မျိုးပြီးတစ်​မျိုးထည့်​​ပေး​နေသည်​။ အခန်းထဲမှာတုန်းကလည်း Yeontan​လေး​နေမ​ကောင်းလို့ ဂရုစိုက်​​နေတာနဲ့ ငါတို့Kookie​လေးကို ပစ်​ထားသလိုဖြစ်​သွားတယ်​ စိတ်​မဆိုးနဲ့​နော်​ ဆိုပြီး နားပူတိုက်​​နေတာ​ကြောင့်​ အ​ပေးအယူတစ်​ခုလုပ်​ခဲ့သည်​​လေ။ အိပ်​သည့်​အခါ Namjoon hyungနှင့်​ကပ်​လျက်​ ​မအိပ်​ရ​အောင်​ ကူညီ​ပေးရန်​ဖြစ်​သည်​။

''Yoongiထည့်​စား​လေ''

''Nae Appa''

''အလုပ်​​ရောအဆင်​​ပြေလား''

ဘယ်​လို...Appaက ဘယ်​တုန်းကYoongi hyungအလုပ်​ကိုစိတ်​ဝင်​စားသွားတာလဲ။

''Arr...Nae...​ပြေပါတယ်​''

''​အေး...​အေး..အဆင်​​ပြေရင်​​ကောင်းတာ​ပေါ့ကွာ Appaလည်းမှားခဲ့တယ်​ အရင်​ကတည်းက သားဝါသနာပါတာကို ပံ့ပိုး​ပေးခဲ့ရမှာ အဲ့တုန်းကသ​ဘောမတူဘဲစီးပွား​ရေးပဲတွန်းအား​ပေးခဲ့ပြီး အခုမှ​​မေး​တော့ ဘာများထူးခြား​တော့မှာလဲ Sorryကွာ''

''ရှင်​ကလည်း စားတုန်း​သောက်​တုန်း ဘာ​တွေ​ပြော​နေတာလဲ က​လေးစိတ်​ရှုပ်​​အောင်​''

''ရပါတယ်​ ကျွန်​​တော်​Appaကိုနားလည်​ပါတယ်​''

Appaကသက်​ပြင်းဖွဖွချသည်​။
Appaနှင့်​ Yoongi hyungတို့ဆက်​ဆံ​ရေး
သိပ်​မ​ပြေလည်​မှန်း သူတို့အားလုံးသိကြပါသည်​။

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now