O.B.B.B - 9

6.1K 504 37
                                    

(Zawgyi)

ကျောင်း..​ကျောင်း..​ကျောင်း​​တွေများဘယ်​သူကစဖွင့်​ခဲ့ပါလိမ့်​။တစ်​​နေကုန်​တစ်​​နေခမ်း​ကျောင်းမှာဖင်​ပူ​ နားပူ​အောင်​ထိုင်​ရတဲ့ဒုက္ခကိုမသိကြ​လေသလား။ဆရာမ​တွေက​တော့တစ်​ချိန်​စီလာသင်​ပြီးထွက်​ထွက်​သွားကြတယ်​ ကိုယ့်​မှာ​တော့ထိုင်​ရာကမထရ။အဲ့ဒါ​တွေ​ကြောင့်​Kookieတို့​ကျောင်းမလာချင်​တာ...

''​ဟျောင့်​ Kookie ''

''ဘာလဲ''

''​​နေ့လည်​စာသွားစားမှာလား''

''မစားဘူး ငါမုန့်​ဝယ်​လာတယ်​''

''​အေး..ဒါဆိုအ​တော်​ပဲ ငါ​ပြောစရာရှိလို့''

နေ့လယ်ပို​င်းတွက်စာချိန်ေ​​​​တွပါလို့စိတ်​မကြည်​ရတဲ့အထဲ...ဒီWoojinဆိုတဲ့​ကောင်​ကတစ်​စက်​က​လေးမှအလိုက်​ကမ်းဆိုးမသိ

''​ပြော!ဘာလဲ!''

''ဟာ...မ​အော်​နဲ့​လေကွာ အ​ကောင်း​ပြောမလို့ဟာကို''

''ဘာလဲလို့ ​ပြောစရာရှိတာမြန်​မြန်​​ပြောစမ်း''

''ဟို​လေ...''

ဖောက်​ပြီးစ ​ပေါင်​မုန့်​ထုတ်​ကို​တစ်ကိုက်​ကိုက်​လိုက်
ပြီး Banana milk​လေးကိုပိုက်​ဖြင့်​တစ်​ချက်​အစုပ်​..

''ည​နေပိုင်းအတန်းလစ်​ရ​အောင်​ကွာ ဒီ​နေ့ရုပ်​ရှင်​​ကောင်းတယ်​ကွ''

''အဟွတ်​...အဟွတ်​...မင်း..ရူး​နေလား..အဟွတ်​''

''ဟာ..ဘယ်​လိုစား​နေတာလဲ ​သေ​တော့မှာပဲ ​ရော့.​ရော့..​ရေအရင်​​သောက်​လိုက်​''

သူ​ပေးလာ​သော​ရေဘူးကို အမြန်​ယူ​သောက်​ပြီး ​မျှောချလိုက်​ရသည်

''ဘာဖြစ်​တာလဲ ​အတန်း​လေးလစ်​ဖို့​ပြောတာကိုအဲ့​လောက်​သီးနင်​​သွားရလား''

မေးလည်း​မေးရက်​ပါဘိ အဲ့​လောက်​သီးနင်​သွားရလားတဲ့။မနင်စရာလား ​ကျောင်း​​ပြေးမယ်ဆိုကတည်းကအိမ်ကတုတ်ကြီးကိုေ​​​​ပြးမြင်သွားတာေ​လ။အတန်းလစ်​ဖို့ကိစ္စကိုသူ့ကိုမှလာအ​ဖော်​ညှိ​နေရတယ်​လို့ ဟိုတစ်​ခါ​ကျောင်း​ပြေးလို့ Jin hyungရိုက်​တာခံရတာလည်း ဒင်းမသိတာမဟုတ်​။ဒါ​တောင်​ လာညှိ​နေ​သေးတယ်​ ​သေ​တောင်​မလိုက်​ဘူး
Kookieတို့​နောက်​တစ်​​ခေါက်​​တော့တုတ်​စာ မစားချင်​ဘူး ဘယ်​​လောက်​ခံစားရခက်​လည်း ဒင်းမှမသိဘဲ...

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now