O.B.B.B - 23

3.8K 319 25
                                    

(Zawgyi)

GME Entertainment

''​တောက်​!အခုထိပြန်​မ​ရောက်​​သေးဘူးလား! 
ကိုယ့်idolတစ်​​ယောက်​လုံး​ပျောက်​သွားတာ​တောင်​မသိရ​အောင်​ မင်းဘာလုပ်​​နေလဲ ဟမ်​!​တစ်​ခါနှစ်​ခါလည်းမဟုတ်​ပြဿနာ​ရှာထားတာကနှစ်​ရက်​​လောက်​ပဲရှိ​သေးတယ်​ အခုလည်းဘာ​တွေ​လျှောက်​လုပ်​လာဦးမလဲမသိဘူး!
ဒီ​လောက်​က​လေး​တောင်​​စောင့်​မကြည့်​နိုင်​ရင်​ Managerတစ်​​ယောက်​လုပ်​မ​နေနဲ့​တော့''

မနက်​ပိုင်း ​Scheduleပြီးကတည်းက ​ပျောက်​သွားလိုက်​သည်​မှာ ယခုပင်​ည​နေ​စောင်း​နေပြီ။သူ့ကိုယ်​သူScheduleတစ်​ခုပဲရှိတယ်​မှတ်​​နေလားမသိ။ ဖုန်းဆက်​​တော့လည်းစက်​ပိတ်​ထားပြန်​သည်​။ ရုပ်​ရည်​၊ စိတ်ထား ​၊ အရည်​အချင်း၊အသိုင်းအဝိုင်း၊ လုံလဝီရိယတို့ပြည့်​စုံ​ပေမင့်​ တဇွတ်​ထိုး စရိုက်​​ကြောင့်​ မထင်​ရင်​မထင်​သလိုတလွဲတ​ချော်​​တွေလုပ်​ပြီး ပြဿနာရှာတတ်​တာ​ကြောင့်​ စိတ်​ကမ​အေး။တစ်​ခုခုဆို ကိုယ့် Entertainmentနာမည်​နဲ့​ ကိုယ့်​​ခေါင်း​ပေါ်ကျလာ​တော့မည်​။

DDPပြဿနာ​တောင်​ ကိုယ့်​ဘက်​က Media​တွေကို​​ငွေအလုံးလိုက်​အရင်းလိုက်​​ပေးပြီးပိတ်​ထားရသလို တစ်​ဖက်​တွင်​လည်း Moon Company CEOကိုယ်​တိုင်​သာမက Naryoungနှင့်​အတူအလုပ်​တွဲလုပ်​ဖူး​သော PD Minကပါ ​တောင်းပန်​စကားဆိုလာသည်​ကို​ထောက်​ထားပြီး နှစ်​ဦးနှစ်​ဖက်​ညှိနှိုင်းကာ ယုတ္တိရှိသည်​မရှိသည်​အပထား မ​တော်​တဆမှုတစ်​ခု​ကြောင့်​အထင်​မှားရာကပြဿနာဖြစ်​ကြပြီး ပြန်​အဆင်​​ပြေသွားကြပါပြီ ဟူ၍သာ​ခေါင်းစဉ်​တပ်​လိုက်​ရသည်​။

မဖြစ်​နိုင်​​ကြောင်း Complainတက်​ကြ​သူ​တွေနှင့်​ personalကိစ္စ​မို့မ​ပြောတာ​နေမှာ​ပေါ့ဟုသမုတ်​ကြသူ​တွေကြားက warပွဲ​တွေ​ကြောင့်​ အဓိကပြဿနာက ဘာ ဆိုတာကို ခဏတာ အာရုံ​ပြောင်းသွား​စေသည်​။

ဒီကြားထဲတွင်​ ကိုယ့်​ဘက်​က ထုတ်​ပြန်​ထားသည့်​သတင်းအမှန်​ဖြစ်​​ကြောင်းသက်​​သေသ​ဘော​ဆောင်​သည့်​ အ​ခြေအ​နေတစ်​ရပ်​ဖန်​တီးထားရန်​ တိုင်​ပင်​နေချိန်​တွင်​ လုပ်​ငန်းရှင်​အစည်းအရုံးမှ ဂုဏ်​ပြုညစာစားပွဲတက်​​ရောက်​ရန်​ဖိတ်​ကြားလာသည်​က ကံကြမ္မာကမျက်​နှာသာ​ပေးသည်​ဟုဆိုရမလား ထိပ်သီး​စီးပွား​ရေးလုပ်​ငန်းဖြစ်​​သော Shinning Star Company CEO၏သမီးဖြစ်​​နေသည့်​ ပြဿနာအိုး Kim Naryoungကိုပင်​​ကျေးဇူးတင်​ရမလားမ​ပြောတတ်​။

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now