O.B.B.B - 16

4.5K 379 65
                                    

ယ​​နေ့သည်​တနင်္ဂ​နွေ​နေ့။
အိမ်​တွင်​လူစုံတက်​စုံရှိ​သည့်​တစ်​ခုတည်း​သောရက်ဟုဆိုလည်းမမှား။

လှေကားကဆင်းဆင်းချင်းမြင်​လိုက်​ရတဲ့ ဧည့်ခန်းထဲကြ​​မင်​ကွင်း​ကြောင့်​ ပိတ်​ရက်​တစ်​ရက်​တွင်​​ပင်​​အေး​ဆေးမ​နေရဘဲ မကြာခင်​ အိမ်​သန့်ရှင်းေ​​ရးဝင်​ရ​တော့မည့်​ မိမိအဖြစ်​ကို​တွေးမိကာ Jinတစ်​​ယောက်​ သက်​ပြင်းချမိသည်​။

ဧည့်​ခန်းထဲက စားပွဲ​ပေါ်တွင်​ Hoseok နှင့်​ Namjoonတို့၏ မုန့်​ထုပ်​​တွေကအပြည့်​ ။ စားပြီးသားမုန့်​ထုပ်​အခွံ​တွေက စားပွဲ​ပေါ်သာမက ကြမ်း​ပြင်​​ပေါ်မှာပါ ဗလပွ။ တစ်​မနက်​လုံးTVကြည့်​ရင်းတစွတ်​စွတ်​ စား​နေကြခြင်းဖြစ်​မည်​။

သူတို့နှင့်​ ကပ်​လျက်​ ဆိုဖာ​ပေါ်တွင်​​တော့ တရှူးရှူးအိပ်​​မောကျ​နေသည့်​ Yoongi။ တစ်​ပတ်​တစ်​ခါလူစုံတုန်း​လေး အခန်းထဲအိပ်​ရာက​နေထွက်​ပြီး ​နေရာ​ပြောင်းအိပ်​သည်​ဟုဆိုရမလား မ​ပြောတတ်​။

ဟိုက​လေး​တွေ အိမ်​ထဲမှာမရှိတာ​ကြောင့်​ ယခုလို​အေး​အေး​ဆေး​အေး​နေနိုင်​​ကြခြင်းဖြစ်​​လောက်​သည်​။ ဒါနဲ့ သူအခုမှသတိထားမိသည်​ ဟိုက​လေး​တွေဘယ်​​ရောက်​​နေကြပါလိမ့်​။ မနက်​စာစားပြီး သူအိမ်​​ပေါ်မတက်​ခင်​က​တော့အငယ်​နှစ်​​ကောင်​ အပြင်​ထွက်​​ဆော့မယ်​​ပြော​နေသံကြားမိ​သေးသည်​။ ဒီ​လောက်​ တိတ်​ဆိတ်​​နေပုံ​ထောက်​ရင်​​တော့ မဟုတ်​တာတစ်​ခုခုဖြစ်​​တော့မည်​ထင်​သည်​။သူ ​အိမ်​​အောက်​ကိုမြန်​မြန်​ဆင်းလိုက်​ရင်း....

''Yarr~~Namjoon ဟိုက​လေး​တွေ​ရော?''

''မသိဘူး​လေ Jin hyungကလည်း တစ်​​နေရာရာမှာရှိမှာ​ပေါ့''

''ဘာ! မင်းတို့နှစ်​​ယောက်​ ​အောက်​ထပ်​မှာ​နေပြီး ဘာလုပ်​​နေကြတာလဲ ​မေးလိုက်​ရင်​ဟိုဟာမသိဒီဟာမသိနဲ့''

''ဟာ~~hyungကလည်း ဒီမှာ ဇာတ်​ရှိန်​တက်​​နေပါတယ်​ဆို လာ​မေး​နေတယ်​ ဘယ်​သိမလဲ''

ကြားထဲက​နေ စိတ်​မရှည်​သလိုဝင်​​ပြောလာ​သောHoseok​ကြောင့်​ သူပြန်​​ပြောဖို့ပြင်​​နေတုန်း

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now