O.B.B.B - 11

5.5K 486 41
                                    

(Zawgyi)

ဧည့်​ခန်းထဲကSofa​ပေါ်တွင်​ Laptopတစ်​လုံးနှင့်​အလုပ်​ရှုပ်​​နေ​သော Namjoon hyung။ခါတိုင်းဒီချိန်​ဆို Kookieကို စာပြ​ပေး​နေကျ။ဟင်း..ဟင်း..ဒီည​တော့မအား၍ထင်​ပါရဲ့ 7နာရီ​တောင်​​ကျော်​​နေပြီ ခုထိမပြီး​သေး။Jin hyungနဲ့Jiminnie hyungကပြန်​မ​ရောက်​​သေး။Yoongi hyungကအခန်းထဲကမထွက်​ Tae Tae hyungကHoseok hyungအခန်းထဲမှာစာလုပ်​​နေတယ်​ဆို​တော့ Kookieတို့​ဒီည​တော့​အေး​ဆေးပဲ​ ​ပြောမယ့်​သူမရှိ​ ​ဆော့လက်​စဂိမ်း​လေးဆက်​​ဆော့​နေရင်း..

''Kookie...ည​နေက​ပြော​တော့တွက်​စာ​တွေမရဘူးဆို?စာအုပ်​ယူပြီးလာခဲ့''

အဟင့်​...စိတ်​ညစ်​ပါတယ်​ စာမလုပ်​ရ​တော့ဘူးဆိုပြီး​ပျော်​​နေတာကို

'' hyungမအားဘူးမလားKookieကိုနက်​ဖြန်​မှသင်​​ပေးလိုက်​​တော့​လေ''

''ယူခဲ့စမ်းပါ ရှင်းပြပြီးတွက်​ခိုင်းထားမှာ​ပေါ့''

မတွက်​ချင်​လို့ပါဆို​နေ😫သူကဖြင့်​IQအမြင့်​စားကြီးနဲ့အကုန်​နားလည်​ပြီးလွယ်တယ်လွယ်တယ်နဲ့Kookieတို့ဥာဏ်​မမီတာ​တွေတွက်​ခိုင်းပါလိမ့်​မယ်

''Kookie​ပြော​နေတာကြားလား''

''Nae...ယူခဲ့ပါ့မယ်​''

_____________________________________

''Kookie!ဘာ​တွေတွက်​ထားတာလဲ ဟမ်..ရှင်းပြတာနားမလည်​ဘူးလား ​ခြောက်​ပုဒ်​တွက်​ခိုင်းတာမှာ​လေးပုဒ်​မှား​နေ​တာကနားလည်​တာလား''

''hyungကတအားမြန်​တာကိုး ​ဖြည်းဖြည်းမှမ​ပြောတာ Kookieကနဂိုကတည်းကတွက်​စာ​တွေမရပါဘူးဆိုမှ''

''ရှင်းပြတာသုံးခါရှိပြီ​လေ ဘယ်​မှာမြန်​လို့လဲ တစ်​နာရီတစ်​ပုဒ်​ရှင်းရမှာလား''

Ring~~Ring~~~

''hyungဖုန်းလာ​နေတယ်​ ​ကိုင်​လိုက်​ဦး​လေ''

''​နေပါ​စေ ​နောက်​မှပြန်​ဆက်​မယ်​ အခု ဒီChapterကို​နောက်​တစ်​​ခေါက်​ပြန်​ရှင်းပြမယ်​ ​သေချာနား​ထောင်​​ထား''

''Nae'' 

သေချာ​တော့နား​ထောင်​တာပဲနားမလည်​တာ​တော့မတတ်​နိုင်​ဘူး​လေ...

Our Bad Baby Boo (Completed)(Zawgyi+Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ