O.B.B.B - 5

8K 645 23
                                    

(Zawgyi)

''အင်း...ဟင်း...''

နိုးလာသည်နှင့်​​တဆစ်​ဆစ်​ကိုက်​​နေ​သော​ခေါင်း​ကြောင့်​ညည်းလိုက်​မိသည်​။

နှာ​ခေါင်းမှထွက်​သွား​သော ​လေပူတချို့နှင့်​လည်​​ချောင်းထဲမှ ​ခြောက်​​သွေ့မှုက လူကို​နေသားမကျဖြစ်​​စေသည်​။

မျက်​နှာသစ်​ သွားတိုက်​ရန်​ထဖို့ကြိုးစားကြည့်​​သော်​လည်း တစ်​ကိုယ်​လုံးအားမရှိသည့်​အတိုင်းနုံး​နေသဖြင့်​ ထမရ။

အကူအညီ​တောင်းစရာလည်း တစ်​​ယောက်​မျှမရှိ။

အခန်းထဲတွင်​တစ်​​ယောက်​တည်းဟူ​သော အသိက ခန္ဓာကိုယ်​မှ​ဝေဒနာနှင့်​​ရော​နှောကာ မျက်​ဝန်းမှ အရည်​ကြည်​တစ်​ချို့ကို ဖန်​ဆင်းရန်​ အား​ပေးအား​မြောက်​ပြုပြန်​သည်​။

''ကျွီ.....''

တံခါးဖွင့်​သံနှင့်​အတူ Jin hyungဝင်​လာသည်​ကိုမြင်​လိုက်​​သော်​လည်း ဘာ​ကြောင့်​မှန်းမသိ အိပ်​​နေလျက်​ပင်​ မျက်​နှာလွဲမိသည်​။

''နိုးပြီလားက​လေး hyung ဆန်​ပြုတ်​ပြုတ်​ထားတယ် မျက်​နှာသစ်​ပြီးရင်​​သောက်​ရ​အောင်​လို့...​ရေချိုးခန်းထဲထိ​လျှောက်​နိုင်​လား hyungတွဲ​ပေးမယ်​​လေ...ထ..''

ပြောရင်းဆိုရင်းထူ​ပေး​သောhyung​ကြောင့်​အားပြုကာထလိုက်​​သော်​လည်း လူကယိုင်​ခနဲ..

ကြိုးစားကာရပ်​မိ​တော့ ​မြှောက်​တက်​သွား​သောခန္ဓာကိုယ်​နှင့်​အတူ ရရှိလိုက်​​သောရင်​​ငွေ့​နွေး​နွေး​....

*********O.B.B.B******

မျက်​နှာသစ်​သန့်​စင်​ ၊ အဝတ်အစားလဲ ​အစစအရာရာလုပ်​​ပေးပြီး​နောက်​ ဆန်​ပြုတ်​ကိုပါ​သေချာမှုတ်​​ပေးပြီး ဂရုတစိုက်​ခွံ့​​ကျွေးနေ​သောhyung​ကြောင့်​..အားနာ​ခြင်း၊​ကျေးဇူးတင်​ခြင်းတို့နှင့်​​အတူ​နောင်​တအသိတို့ကပ်​ပါလာ​သောအခါ...

''​တောင်းပန်​ပါတယ်​ hyung....ဟင့်​..hyungကိုအထင်​လွဲခဲ့မိတယ်​..Kookie..​တောင်းပန်​ပါတယ်​''

''ဟာ...မငိုနဲ့​လေ က​လေးရာ''

ရုတ်​တရက်​ကြီး ထငို​သော က​လေး​ကြောင့်​ သူပါလန့်​သွားရသည်​။

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now