O.B.B.B - 26

3.7K 336 61
                                    

''Kookie ah~~တံခါးဖွင့်​ဦးက​လေး
hyungနဲ့စကား​ခဏ​လောက်​​ပြောရ​အောင်​​လေ''

''Kookie ah~~~''

''Kookie​ရေ...တစ်​​နေ့လုံးလည်း​ဘာမှမစားထားဘူးမလား ဗိုက်​​အောင့်​မယ်​​လေ hyungထမင်းခူးထားပြီးပြီ မစားချင်​လည်း တစ်​ခုခုစားရ​အောင်​ ခဏ​တော့ထွက်​လာကွာ''

မနက်​က Hoseok လိုအပ်​တာ​လေး​တွေရှိလို့ဝယ်​ရန်​ ​ဈေးသွားဖြစ်​သည်​။ Jin hyung နှင့်​ Yoongi hyungလည်းပါလာသည်​။ဝယ်​စရာရှိတာဝယ်​ပြီးပြန်​လာခဲ့ကြသည့်​​နောက်​ အိမ်​ထဲအဝင်​ ဆီးကြို​နေ​သောမြင်​ကွင်း​ကြောင့်​ ရင်​ထဲထိတ်​ခနဲ။တစ်​စစီပြန့်ကြဲေ​န​သော အလှပန်းအိုး​တွေ နှင့်​ ပန်းကန်​ကွဲ​တွေကို လိုက်​သိမ်း​နေ​သော Tae နဲ့ Min​လေး။

အ​ကြောင်းစုံ​မေးမြန်းသိရှိပြီး​နောက်​တွင်​​တော့ အပျက်အစီးများအား​သူပါဝင်​သိမ်းကူရသည်​။ပစ္စည်းအသစ်​​တွေ​တော့ အစားထိုးရ​ပေဦးမည်​​လေ။ Namjoonသည်​ကား ​တော်​ရုံ​နှင့်​ ​ဒေါသထွက်​သူမဟုတ်​။ ဒီအ​ခြေအ​နေဖြစ်​ခဲ့သည်​အထိဆို​တော့ Namjoon အလွန်​ဟုလည်းမဆိုနိုင်​။Jungkook...က​လေးငယ်​သည်​ ခုရက်​ပိုင်း​တော်​​တော်​ဂယက်​ထ​အောင်​လုပ်​သည်​ပဲ။

Jin hyungကလည်း

''လွှတ်​ထားလိုက်​ သူ့ဟာသူစိတ်​​ပြေသွားလိမ့်​မယ်​''

ဆိုတာ​ကြောင့်​ ​ဘာမှဝင်​မစွက်​ဖက်​မိ​တော့။သူသည်​လည်း
အ​လွန်​ဆုံးစိတ်​ဆိုးစိတ်​​ကောက်​ နှစ်​နာရီ သုံးနာရီ​ပေါ့ ဆိုပြီးပစ်​ထားလိုက်​တာ ​နေ့လယ်​စာစားချိန်​​ကျော်​သည်​ထိနှစ်ေ​ယာက်စလုံး ​အခန်းထဲမှထွက်​မလာကြ။ည​နေ​စောင်း​လောက်​​ရောက်​​တော့ Namjoonထွက်​လာခဲ့သည်။

ထိုက​လေးက​တော့ ည၁၀​ရောက်​​နေတာ​တောင်​ အရိပ်​အ​ယောင်​မ​တွေ့ရ​သေးတာ​ကြောင့်​ Hoseokစိတ်​ပူလာသည်​။ အကုန်​လုံးအိပ်​သွားရင်​ ထစားလိမ့်​မယ်​ ဟု​ပြောကြ​သော်​လည်း စိတ်​မချတာ​ကြောင့်​ အခန်းတံခါး​ရှေ့​ရောက်​​နေရခြင်း။

''Jungkook​ရေ...​တော်​သင့်​ပြီကွာ ထွက်​လာ​တော့''

တစ်​စုံတစ်​ရာတုံ့ပြန်​မှုမရတာ​ကြောင့်​ Hoseokလက်​​လျော့ပြီး ပြန်​ဆင်းလာခဲ့သည်​။ဒီပုံအတိုင်းသာဆို Jin hyung​တော့ ဒီညအခန်းထဲဝင်​အိပ်​ဖို့ရန်​လမ်းမမြင်
တော့။

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now