O.B.B.B - 12

5.3K 442 34
                                    

(Zawgyi)

****11:56****

အချိန်​က4မိနစ်​​လောက်​သာလို​တော့သည်​ ။ ဘာ​တွေများ​မေးလာသလဲ ။ တွက်​ကြည့်​ထားတာ​တွေ​​ရော ပါပါ့မလား။အချိန်​​ရော​လောက်​ရဲ့လား။အချိန်​မ​လောက်​လို့ဘဲ အသည်းအသန်​​ဖြေ​နေသလား မ​ဖြေနိုင်​လို့ဘဲငိုရင်းထွက်​လာမလား ​တွေးရင်း​တွေးရင်း ရင်​ကတထိတ်​ထိတ်​ ။နောက်​ဆုံး​နေ့ဆို​တော့ မြန်​မြန်​ပြီးချင်​​ဇောနဲ့ ကပျာကယာ​ကပျာကယာ​တွေ​လုပ်ပြီး​ ​ပေါက်​က​ရ​တွေ​ဖြေခဲ့မှာလည်​ပူရ​သေးသည်​။ စာကမရတာမဟုတ်​ ​မေးခွန်းမှားကူးရတာနဲ့ ​​ပေါင်းနှုတ်​​မြှောက်​စားလက္ခဏာမှား​ရေးတာနဲ့က​ပေါက်​တိက​ပေါက်​ချာလုပ်​တတ်​လွန်းလို့ တွက်​စာဆိုစိတ်​မချရ။

ဒီရက်​ပိုင်းအတွင်း​တော့ ​တော်​​တော်​ကို​လေ့ကျင့်​​ပေးထားသည်​ဆို​တော့ အဆင်​​ပြေပါ​စေသာဆု​တောင်း​နေရသည်​။ မ​ပြေရင်​လည်း တငိုငိုတရီရီနဲ့ဆို ကျန်​​တဲ့သူ​တွေပါမ​နေနိုင်​မထိုင်​နိုင်​ဖြစ်​ကြဦးမည်​။ ပါးနဲ့မား ဆိုလည်း မနက်​တစ်​​ခေါက်​ ညတစ်​​ခေါက်​​လောက်​ကို ဖုန်းဆက်​ပြီးအ​ခြေအ​နေ​မေး​နေတာ ဒီက​လေးအဆင်​မ​ပြေလျှင်​ ​က​လေးကို​သေချာမသင်​​ပေးရ​ကောင်းလားဆိုပြီး အဓိအ​ထောင်းခံရမှာက မိမိ။
စာ​မေးပွဲ​ဖြေတာ သူလား ကိုယ်​လားကိုမသဲကွဲ​။

Ring~~~~~Ring~~~~~

Bellသံနှင့်​အတူ တူညီဝတ်​စုံနှင့်​ က​လေးများ တစ်​သုတ်​ပြီးတစ်​သုတ်​ထွက်​လာကြ​သော်​လည်း ​​​မျှော်​​နေသူကပါမလာ​သေး။ အ​ခြေအ​နေ​တွေကလည်း အမျိုးမျိုး ၊ ဘယ်​နှပုဒ်​ပဲရတယ်​ ဘယ်​ဟာကပြီးခါနီးမှားတယ်​ ၊ အဆင်​​ပြေတယ်​ဆိုသူက အနည်းအကျဉ်းသာ။

 ​ဘေးကသူငယ်​ချင်းတစ်​​ယောက်​နဲ့ ​ခေါင်းငိုက်​စိုက်​ထွက်​လာ​သော uniform အဝါ​လေးနဲ့တစ်​​ယောက်​​သောသူကိုမြင်​လိုက်​ရချိန်​မှာ​တော့ ရင်​ထဲကမီးပန်းတို့ရဲ့တ​ဖြောက်​​ဖြောက်​မြည်​သံက ပိုမိုကျယ်​​လောင်​လာတာ​ကြောင့်​ အနား​ရောက်​လာတဲ့အထိ​စောင့်​မ​နေ​တော့ဘဲ သူကိုယ်​တိုင်​သာ​ ထိုက​လေးအနား​လျှောက်​သွားလိုက်​သည်​ ။ ​အတူ​လျှောက်​လာတဲ့ ​ဘေးက​ကောင်​​လေးက​တော့ သူ့ကို​ပြုံးပြနှုတ်​ဆက်​ကာ သွားနှင့်​​လေပြီ ​ဖြေနိုင်​တယ်​ထင်​ပါရဲ့။ သူ့​ရှေ့က​ကောင်​​လေးက​တော့ ​ခေါင်း​မော့မလာ​သေး...

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now