O.B.B.B - 22

3.6K 322 49
                                    

(Zawgyi)

At DDP~~~

Albumဝယ်​မည် ခဏပဲဟုဆိုပြီး ဆိုင်​ထဲဝင်​သွားသည်​မှာ ကြာလှပြီဖြစ်​​သောWoojin​ကြောင့်​ Jungkookစိတ်​မရှည်​​လာ​တော့။ ​​ရောက်​တုန်း​ရောက်​ခိုက်​​အေး​ဆေး​ရွေး​နေသည့်​သည့်​တ​စ်​​ကောင့်​သားကိုလည်း သွားမ​နှောင့်​ယှက်​ချင်​။ သူကိုယ်​တိုင်​သည်​ပင်​ ပစ္စည်းတစ်​ခုခုဝယ်​လျှင်​ စိတ်​တိုင်းကျ​ရွေးရမှ ​ကျေနပ်​တာ​ကို​တွေးမိ​တော့ နားလည်​​ပေးရပြန်​သည်​။

ချစ်​လှစွာ​သောအ​ပေါင်းအပါကြီးကို​စောင့်​ရင်း ဟို​ငေးဒီ​ငေးနှင့်​ မျက်​စိကစားမိစဉ်​ ​​ရှေ့တည့်​တည့်​ကAlbum မှမိန်းက​လေးကိုမြင်​ဖူးသလိုရှိတာ​ကြောင့်​ တစ်​ခုယူကြည့်​မိ​တော့ ​ထောင့်​နားတွင်​ ခပ်​ကြီးကြီး​ရေးထား​သောနာမည်​တစ်​ခု​ကြောင့်​ သူ့အထင်​ ပို​သေချာသွားသည်​။

''အာ...ဒါ Naryoungဆိုတဲ့​တစ်​​ယောက်​လား''

Gameတစ်​မျိုးသာအာရုံရှိ​သောသူ့အဖို့ ဆယ်​​ကျော်​သက်​​ယောက်ျား​လေးတိုင်း၏ဘုရင်​မ ဆိုသူ Naryoungကိုမြင်မြင်ချင်းမမှတ်​​​​မိသည်​မှာအထူးအဆန်းမဟုတ်​။ ထို့အတူ အခုနောက်ပိုင်းေ​​အာင်မြင်လာသည့်​​​Idolအများစုကိုလည်းသူ​သေချာမသိသလို စိတ်​လည်းမဝင်​စား။တစ်​​ယောက်​နှင့်​တစ်​​ယောက်​ ဆင်​တူနီးပါးဖြစ်​​သောရုပ်​ရည်​တို့ကလည်းMake upအစွမ်းနှင့်​​ပြောင်းချင်​သလို​ပြောင်း​နေကြတာ​ကြောင့်​ မမှတ်​မိတာလည်းပါမည်​။

ယခုသတိထားမိသည်​ဆိုသည်​မှာလည်းYoongi hyungသီချင်း​ရေး​ပေးဖူးပြီး၊ ​Naryoungဆိုသည့်​တစ်​​ယောက်​၏IGတွင်​​ရေလာ​မြောင်း​ပေးသ​ဘော​ဆောင်​post​တွေတင်​ဖူးတာ​ကြောင့်​Datingသတင်းလိုလိုဘာလိုလို​တွေထွက်​​သေးသည်​ဆိုကာ သတင်း​ထောက်​ကြီး
Woojinလာပြ​လေ့ရှိ​သောပုံ​တွေထဲကတစ်​ပုံနှင့်​တူ​နေတာ​ကြောင့်​ မျက်​မှန်းတန်းမိသွားခြင်း။

''​အင်း...ေ​တာ်​​တော်​​တော့လှသားပဲ''

ဘေးတ​စောင်းပုံဖြစ်​တာ​​ကြောင့်​ မျက်​​တောင်​ခပ်​​ကော့​ကော့နှင့် နှာတံချွန်ချွန်က​​​ပိုထင်​ရှား​နေသည်​။ပန်း​သွေး​ရောင်​ပါးပြင်​ထက်​က ဆံစတစ်​စွန်းတစ်​စက​လေ အလွှင့်​တွင်​ နှုတ်​ခမ်းပါးပါး​ပေါ်ဖြတ်​​ပြေး​နေသဟန်​ရိုက်​ထား​သော ဆွဲ​ဆောင်​မှုရှိ​သည့်​ပုံ​ကြောင့်​ Jungkookချီးကျူးမိသည်​။
ပင်​ကိုယ်​ရုပ်​ရည်​​တွေဘာ​တွေအသာထား အခုမြင်​​နေရတဲ့ပုံမှာ​တော့ လှ​နေသည်​ပင်​မဟုတ်​လား။

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now