O.B.B.B - 27

4.1K 336 39
                                    

Euphoria Café
~~~~~~~~~~~~~~

🎶 She's like cold coffee
in the morning,and I'm
drunk of last night's
whisky and coke...

She'll make me shiver
without warning,and
make me laugh as if
I'm in on the joke....🎶

''And you can stay with me forever
Oh you could stay with me
for now...''

ဆိုင်​ထဲဖွင့်​ထား​သော Ed Sheeran ရဲ့ Cold Coffeeမှာ Myunghyun နား​ထောင်​​နေကျဖြစ်တာ​ကြောင့်​ ရသည့်​အပိုင်း​လေးလိုက်​ညည်းမိသည်​။ဒါကို ညီမ​တော်​က ​ဘေးက​​နေ

''အသံဆိုးကြီးနဲ့''

ဟူ၍ ချီးမွမ်းခန်းဖွင့်​လာ​​တော့ Myunghyun၏သွက်​လက်​​သောလက်​ဆစ်​က​လေး​တွေက ဒီတိုင်းမ​နေ ၊ ဆံမြိတ်​ပါးပါးချထား​သော တစ်ဖက်လူ၏ ​​နဖူး​ပေါ် သက်​ဆင်းပြီးသား။

ဒါ​တောင်​မမှတ်​​သေး နာသွား​သောနဖူးကိုလက်​နှင့်​ပွတ်​ကာ

''အနာရှိလို့စပ်တာကို​လိုက်​ရမ်းမ​နေနဲ့''

ဟုဆိုလာသူက မ​နေ့ကမှပြန်​​ရောက်​သည့်​ မတည့်​အတူ​နေညီမ​တော်​ Myungyoon။

''ဒါနဲ့..က​လေးတို့ညီအစ်​ကိုက7​ယောက်​ရှိတာဆို..အခုဆိုင်​ပိုင်​ရှင်​ အစ်​ကို​ချော​ချောက ဘယ်​နှ​ယောက်​​မြောက်​လဲ''

''5​ယောက်​​မြောက်​ သူနဲ့ Jungkookieကြားမှာ နင်​နဲ့မတိမ်းမယိမ်း တစ်​​ယောက်​ရှိ​သေးတယ်​''

''​သြော်​...Oppa...Hoseok oppaကို ​ဒီမှာ​တွေ့မယ်​လို့​​သေချာ​ပြောထားရဲ့လား အခု​တောင်​ 10နာရီတောင်​​ရှိ​နေပြီကို... ​နေရာများမှားသလား''


Cameraထဲက videoနဲ့ပတ်​သက်​ပြီး Hoseokနှင့်​​တွေ့ဖို့ သူတို့​မောင်​နှမ ​ချိန်းထားကြခြင်းဖြစ်သည်​​​​။9နာရီခွဲ
ဆိုပြီး အခုထိ​ရောက်​မလာ​သေး​သောတ​ကောင့်​သားကို​​မျှော်​ရတာကတစ်​မျိုး ​ဘေးကဘုမသိဘမသိညီမကို​ဖြေရတာကတစ်​မျိုး​နှင့်​ Myunghyunစိတ်​မရှည်​လာ​တော့။

''မှားမ​နေဘူး ကျန်​တဲ့​နေရာချိန်းထားတာလည်းမဟုတ်​ သူ့ညီဆိုင်​​ကို​ခေါ်ထားတာကို မှားရင်​လည်း ဒီ​ကောင်​ လူမလုပ်​စားရုံပဲရှိ​​တော့တယ်​''

Our Bad Baby Boo (Completed)(Zawgyi+Unicode)Tempat cerita menjadi hidup. Temukan sekarang