(Zawgyi)
Dance Classကအပြန်နေ့လည်စာစားပြီး ကလေးကြိုက်တဲ့ကြက်ကြော်ပါတစ်ခါတည်းဝယ်လာခဲ့သည်။ညကဝယ်လာမည်ပြောပြီး ပြိုင်ပွဲဝင်မည့်ကလေးတွေကိုကျင့်ပေးနေရ၍အိမ်ပြန်မအိပ်ဖြစ်သည်ကို ကောက်တော်မူနေလျှင်လာဘ်ထိုးရန်ဖြစ်သည်။
''အား!!!Hyung...Kookieဆေးမထိုးချင်ဘူး...မထိုးဘူးနော်..ကြောက်တယ်လို့...မထိုးချင်ပါဘူးဆို''
''ဟာ...လွတ်ပါဦးKookieရဲ့...Hyungညောင်းလာပြီ''
ပြန်ရောက်တော့ ဟိုကလေးကဖျားနေသည်တဲ့လေ
ဆေးထိုးဖို့ရာJin hyungတစ်ယောက်အာပေါက်မတက်ပြောနေသည်ကိုမရသဖြင့် ကိုယ်တိုင်ဝင်ချော့မိရာမှာ
လူကိုခြေရောလက်ပါအသားကုန်ကုပ်တွယ်ထားပြီး ဆေးထိုးဖို့အသဲအသန်ငြင်းနေတာကြောင့် ထိန်းထားရတဲ့ခန္ဓာကိုယ်ကဘယ်လိုမှမခံနိုင်တော့...''ဟင့်အင်း...ဟင့်အင်း...Kookieလွတ်ရင်ဆေးထိုးတော့မှာ...ဆေးပဲသောက်မယ်လေနော်..Hyung..နော်..ဆေးပုံမှန်သောက်မယ်လေနော်''
ဒီပုံစံနဲ့တော့မဖြစ်။ ဒီကလေး ဆေးသောက်ပျင်းမှန်းမသိတာမှမဟုတ်ဘဲ။ဆေးမထိုးချင်တိုင်းလူလည်လာလုပ်နေခြင်း။ထပ်ဖျားလျှင်မသက်သာ နဂိုကတည်းကလူကသေးကွေးပါတယ်ဆို။
''မရဘူး Kookie ဆေးထိုးမှဖြစ်မယ် ထပ်ဖျားရင်ဘယ်လိုလုပ်မလဲ ဆေးကဖြင့်သောက်ရမှာပျင်းသလားမပြောနဲ့...ဆရာတောင်ဆေးထိုးဖို့ပြင်ထားပြီးပြီ ဆင်းတော့ ကပ်မနေနဲ့''
''ဟင့်အင်း...မဆင်းဘူး..ဆေးပဲသောက်မှာ...ဆေးတကယ်သောက်မှာပါဆို''
နဂိုကတည်းက လူကပင်ပန်းနေတာရယ် စောင့်နေရတဲ့ဆရာဝန်အပေါ်အားနာစိတ်ရယ် ပေါင်းသွားသော ကိုယ်ကစိတ်ပူလို့ချော့မော့ပြောနေတာကိုမရ ဂျီကျနေသောထိုကလေးကိုစိတ်မရှည်လာတော့။
''ကျစ်...ဆင်းတော့လို့ပြောနေတယ်လေKookie!ပြောရဆိုရခက်လှချည်လား...ဟမ်!ဆေးထိုးပေးမယ့်ဆရာဝန်ကတောင် ခခယယစောင့်နေရတာကို လူမှုရေးနားမလည်ဘူးလား...ဆင်း..အခုချက်ချင်း!''
YOU ARE READING
Our Bad Baby Boo (Completed)(Zawgyi+Unicode)
Random(Zawgyi) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်းမေတ္တာကို ပုံဖော်သွားမည့်စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်~~ (Unicode) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်...