O.B.B.B - 8

6.2K 517 9
                                    

(Zawgyi)

''Yoongi hyung...ဘာလို့အိမ်​ပြန်​မလာတာလဲ နှစ်​ရက်​​တောင်​ရှိ​နေပြီ Kookieကသတိရ​နေတာ''

Jiminအနားကပ်​​နေရာမှ သူ့ထံ​ရောက်​လာ​သောအငယ်​​လေး...

''အင်း...hyungမအားလို့ ပြန်​မလာဖြစ်​တာ''

သူများတစ်​ခွန်းကိုယ်​တစ်​ခွန်း​ပြောဖို့ပင်​ဝန်​​လေး​သောသူ့အဖို့ ထိုက​လေးကို​တော့အ​ရေးတယူပြန်​​ဖြေမိပါသည်​။

သူဆိုသည်​မှာ နဂိုကတည်းကတစ်​​ယောက်​တည်း​အေး​အေး​ဆေး​ဆေး​နေရသည်​ကိုသာသ​ဘောကျသူ။သူ့အသုံးအ​ဆာင်ပစ္စည်း​​တွေကို ယူသုံးတာလည်းမကြိုက်​။သူ့အခန်းထဲဝင်တာလည်းမကြိုက်​​​​။တစ်​​နေကုန်​အခန်း​အောင်းပြီး အလုပ်​ရှိလျှင်​လုပ်​ မရှိလျှင်​အိပ်​​နေတတ်​သူ။

ထို့​ကြောင့်​လားမသိ ကျန်​တဲ့ညီအစ်​ကို​တွေကလည်း သူ့ဆိုအနည်းငယ်​စိမ်းကြသ​ယောင်။ထိုအထဲတွင်​ Kookie
တစ်​​ယောက်​က​တော့ ချွင်းချက်​။သူစကားပြန်​မ​ပြောလျှင်​​တောင်​ အဲ့က​လေးက​ပြောချင်​တာ​တွေ​ဘေးကတတွတ်​တွတ်​​လိုက်​​ပြော​နေတတ်​သည့်​အပြင် ဟိုလိုသည်​လိုလိုဖြင့်​ အခန်းထဲထိပင်​လိုက်​လာတတ်​​သေးသည်။

''Hyung...Kookieက​လေ ဖျား​နေတာ''

''ဟင်​...ဖျား​နေတာလား ​ဆေး​သောက်​ပြီးပြီလား''

နဖူး​လေးကိုတစ်​ချက်​စမ်းရင်း​မေးမိ​တော့...

''အလကား..ကပ်​ချွဲ​နေတာhyung​ရေ ​နေ​မ​ကောင်း​ပျောက်​စမို့သာ​တော်​​တော့တယ်​ တစ်​မနက်​လုံးပါးစပ်​ကိုမပိတ်​ရဘူး''

''Jiminnie hyung​​နော်!! ​Kookieတကယ်​ဖျား​နေတာပါဆို ခုကနည်းနည်းသက်​သာလာလို့ဟာ Kookieကလိမ်​ပါ့မလား Kookie​နေမ​ကောင်းတာJiminnie hyungလည်းသိ​နေတာပဲကို''

ကြားမှဖြတ်​​ပြောလာ​သောJiminကို စူပုပ်ကာ​ ရန်​​ထောင်​​နေပုံအရ ဖျားခဲ့သည်​မှာ​တော့လိမ်​​နေတာမဟုတ်​​တာသိ​ပေမယ့်​ နည်းနည်းသက်​သာလာတာပါဆိုတဲ့စကားကို​တော့ သူရယ်​ချင်​မိသည်​။

********O.B.B.B*******

ဗိုက်​ထဲက တဂွီဂွီမြည်​သံနှင့်​အတူ မျက်​လုံးတို့ကနံရံရှိနာရီ​ကိုသာမျက်​​စောင်းထိုး​နေမိသည်​။ဒီ​နေ့မှနာရီလက်​တံက​ရွေ့တာ​နှေး​နေသလို။

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now