O.B.B.B - 13

5K 424 25
                                    

(Zawgyi)

''ကျွီ.......''

တံခါးကိုအသာဖွင့်​ရင်းဝင်​လိုက်​​တော့ ကု​တင်​​ပေါ်မှာ ​စောင်​ခြုံပြီး လုံး​နေ​အောင်​​ကွေးထား​သော ပိစိ။ကျောင်းပိတ်​​ထားသည့် ဒီနှစ်​ရက်​အတွင်းကိုပင် ​​နေ့ဆို​ခြေဖျားပင်​ဖမ်းမမိ​အောင်​ တစ်​အိမ်​လုံးအနှံ့ ပတ်​​ဆော့သည်​။

Tae လည်း​ကျောင်းပိတ်​ပြီဆို​တော့ နှစ်​​ယောက်​သားအ​ဖော်​ရ​နေကြခြင်း။ ညဘက်​ဆို အခန်းတကာ​လျှောက်​သွားပြီး တစ်​​နေကုန်​​အလုပ်​မှာ​ပင်​ပန်းလာကြသည့်​hyung​တွေကို စကား​တွေတတွတ်​တွတ်​​လိုက်​​ပြောကာ ​ရောက်​တဲ့အခန်းမှာ အိပ်​​ပျော်​သွားတတ်​တာမို့ ကံဆိုးသည့်​အခန်းကတစ်​​ယောက်​​ယောက်​က​တော့ ​နေရာမှန်​​ရောက်​ရန်​ချီပြီး​ပြောင်း​ပေးရစမြဲ။ ဆိုး​ပေ​လေးသည်​ တစ်​​နေကုန်​ တစ်​ညလုံး ဤသို့​မွှေပြီးသည့်​​နောက်​​နေ့ နံနက်​တွင်​​တော့ အင်​မတန်​နိုးရခက်​ပါ​ပေသည်​။

နိုးထားပြီး ထွက်​သွားလို့များ ​နောက်​ကလိုက်​လာမည်​မထင်​နှင့်​ ထိုင်​ထားလျှင်​ထိုင်​ထားသည့်​အတိုင်း ဆက်​အိပ်​တတ်​သူမျိုး။ယခုလည်း မ​နေ့က သူဆိုင်​သွားရင်​လိုက်​ခဲ့မည်​ဆိုကာ ဂျီကျထားတာ​ကြောင့်​ မနိုး​ပေးဘဲသွားသွားလျှင်​ ​ကောက်​​တော်​မူေ​တာ့မည်​ဖြစ်​၍လာနိုးရခြင်း။ဤမျှ စိတ်​​ဆိုးစိတ်​​ကောက်​တတ်​သူကို သူ့အ​မေကပဲ ​ယောက်ျား​လေးနဲ့ မိန်းက​လေးများ မှား​မွေးခဲ့​လေသလားဟုပင်​ တစ်​ခါတစ်​ရံ​တွေးမိ​သေး။

''​ဟေ့ ပိစိ ထ​တော့..8နာရီ​တောင်​ထိုး​တော့မယ်​''

ခြုံထားသည့်​​စောင်​ကို ဆွဲဖယ်​လိုက်​ကာဆို​တော့ မျက်​လုံး​လေးတစ်​ချက်​ဖွင့်​ကြည့်​ပြီး ဟိုဘက်​ပြန်​လှည့်​ကာ ဆက်​​အိပ်​​နေပြန်​သည်​...

''Kookie ထ​တော့​လေ Taehyung​တောင်​ထ​နေပြီ မရှက်​ဘူးလား တစ်​အိမ်​လုံးမှာ မင်း​တစ်​​ယောက်​ပဲမထ​ဘဲကျန်ေ​နတာ​နော်​''

''အင်း....Jinnie hyung...5မိနစ်​..5မိနစ်​ပဲ​လေ​နော်​..''

အိပ်​ချင်​မူးတူးအသံနှင့်​ ပြန်​​ဖြေကာ ​စောင်​ပင်​ပြန်​ဆွဲခြုံလိုက်​​သေးသည်​။ဟင်း..ဟင်း နိုးမရ​တော့လည်း ​နောက်​ဆုံးနည်းသုံးတာ​ပေါ့...

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now