O.B.B.B - 28

3.9K 347 34
                                    

(Zawgyi)

တစ်​​ယောက်​​သောသူမပါဝင်​​သည့်​ သုံး​လေးရက်​အတွင်း ထမင်းဝိုင်းသည်​ သိသိသာသာ​ခမ်း​ခြောက်​သည်​။စားပွဲ​ပေါ်က ဟင်းပွဲအချို့က စားသုံး​နေကျသူလစ်​ဟာ​နေ​ကြောင်းကို ပိုသိသာ​စေသ​ယောင်​။

''ကြက်​ဥလိပ်​​တွေ ယူစားကြ​​လေ ဘာလို့ချန်​ထားတာလဲ
ငန်​သွားလို့လား''

အခါတိုင်းဆို သူ့ထက်​ငါနှိုက်​စား​နေတာနဲ့ ဒီ​လောက်​ပမာဏဆိုခဏအတွင်းကုန်​​နေကျကြက်​ဥလိပ်​က အနည်းငယ်​သာအရာယွင်းသည်​မို့ အရသာမ​ကောင်းလို့များလားဟု​​Seokjin​တွေးမိတာ​ကြောင့်ေ​မးလိုက်​သည်​။

''မငန်​ပါဘူး အ​တော်​ပါပဲ hyungရဲ့''

Jiminကသူ့ပန်းကန်​ထဲက တစ်​ခုကိုစားရင်း​ဖြေလာသည်​။

''အရသာမ​ကောင်းလို့များလားလို့hyungက သိပ်​လည်းမစားကြလို့​လေ''

''စားပါတယ်​hyungရဲ့ ဒါ​ပေမယ့်​​လေ ဒီတိုင်းစားရတာထက်​ လုစားရတာကပိုအရသာရှိတယ်​ သိလား Kookieရှိတုန်းကဆို သူတစ်​ခုTaeတစ်​ခု လုစားကြတာ...အဲ...''

ပြောလိုက်​မိပြီးမှ စကားမှားသွားမှန်းသတိထားမိတာ​ကြောင့်​ Taehyungပါးစပ်​ကိုအမြန်​ပိတ်​လိုက်​ရသည်​။Jinhyung မျက်​နှာသိသိသာသာညိုးသွားသည်​​လေ။ဒါကိုမြင်​​သွား​သော Yoongi hyungက

''ဟား..ဟား...ပူမ​နေနဲ့ မကြာခင်​ပြန်​လုစားရ​တော့မှာ ဟုတ်​ပြီလား ​ဟိုကပြန်​လာမှစားမဝဖြစ်​​နေမယ်​ စားလို့ရတုန်းစားထား''

''​ဟင်​..မကြာခင်​..ဘယ်​သူ​ပြောတာလဲKookieဖုန်းဆက်​တာလား''

''မဟုတ်​ပါဘူး မင်းတို့Namjoon hyungကTokyoကို အလုပ်​ကိစ္စသွားစရာရှိလို့ ဝင်​​ခေါ်ပြီးပြန်​ခဲ့မယ်​တဲ့ ဟုတ်​ပြီလား''

''တကယ်​လား..ဟုတ်​လား Joonie hyung''

''အင်း''

''Hyungသွားရင်​ Taeကို​ပြော​နော်​ Taeလည်းလိုက်​ခဲ့မယ်​​လေ​နော်​ Tae Kookieကို​ပြောစရာ​တွေရှိလို့ လိုက်​ခဲ့မယ်​​လေ..​နော်​ hyung''

''ဟာ....​နေစမ်းပါဦးTaeရာ ဟိုကအလုပ်​ကိစ္စနဲ့သွားမှာကိုဘာလိုက်​ရှုပ်​မှာလဲ ​ရှိတုန်းက​​တော့ ​ခွေးပဲဂရုစိုက်​​နေပြီး ခုမှ ဘာ​ပြောစရာရှိတာလဲ ပြန်​လာမှ​ပြော မလိုက်​သွားနဲ့''

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now